အခန်း (၃၀) ရှီကျင်းနွမ်

7.4K 969 47
                                    

Lou Xi က ပါးစပ်အဟောင်းသား ကြည့်နေသူတို့ကို ရှိလေသည်ဟုတောင်မမှတ်ယူလေပဲ ထူးမခြားနားလှသည့် လေသံဖြင့်ပြောလိုက်သည်။ ထိုအသံကို ခန်းမတွင်းရှိလူတိုင်းလိုလို ကြားလိုက်ပါ၏။ ကဲ.. အိမ်ရှေ့စံကိုကား ဘယ်သို့ပြောနိုင်ပါအံ့နည်း။

"ဘယ်.. ဘယ်သူက ကြင်ယာတော်လဲ.."

မထင်မှတ်ထားသည့် Lou Xi ၏ အရှက်မဲ့သောအဖြေကြောင့် ရှရီမှာ တစ်ခနမှ ဦးနောက်၏ တစ်ခန်းလောက်မျှ လွတ်သွားသလိုဖြစ်သွားရ၏။

သူမက ယောင်တောင်တောင်ဖြင့် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်မေးမိတော့သည်။ သူမ၏ ဝိုင်းဝိုင်းရွဲရွဲ မျက်လုံးလှလှလေးများဟာလည်း ပြူးကျယ်နေခဲ့သည်။ မက်မွန်သီးအမှည့်လို မျက်နှာလေးက ရှက်ရွံ့မှုကို အချိန်မီဖုံးကွယ် မထားနိုင်ခဲ့ပေ။ထိုအပြုမူလေးက Lou Xi ၏ နှလုံးသားကို ယားယံကာ မယိုးမယွဖြစ်သွားစေဟန် ရှိလေသည်။ သူက...

"ကိုယ် မင်းကို သက်သေပြပေးရမလား..?"

အပြုံးကြီးတစ်ခုဖြင့် သူ့အသံကဖျားယောင်းလှစွာ ပြောလာခဲ့ပြီး မြန်ဆန်လွန်းသည့် သူ့လက်ဝါးကြီးများက သူ့နံဘေးမှ မသိမသာတဖြေးဖြေးချင်း ဘေးကိုရွေ့နေသည့် ရှရီခါးလေးကို ဖက်ဆွဲလိုက်ကာ နူတ်ခမ်းတွေကို နမ်းလိုက်တော့သည်။

ခန်းမအတွင်းရှိ ပရိတ်သတ်များ : "......."

[T/N: ဟဲ့.. ဟဲ့ ကဲလှချည်လား..၊ ပရိတ်သတ်အများကြီးရှေ့ကို ..]

ရှရီ၏ တစ်ဖက်တွင်ရှိသည့် မောင်ဖြစ်သူမှာ အလွန်အံဩနေလျက် ထိုဖြစ်ရပ်ကို ဘေးမှကြည့် နေရတော့သည်။ စိတ်အတွင်းမှ ယောက်ဖ၏ ကဲသဲမှုကို သူ့ခမျာဩချယုံကလွဲ၍...။ သူက အိမ်ရှေ့စံ၏ မျက်နှာရူးနိုင်မှုကို သူကအလန့်တကြားဖြစ်နေရသည်။ Sheri က Lou Xi ကို မြန်မြန်ဆန်ဆန် ပြန်တွန်းထုတ်လိုက်လေသည်။

" အရှင့် ဦးနောက်ကတော့ တစ်ခုခုလွဲနေပြီ.."

သူမက သက်ပြင်းသာချလိုက်ရင် မှတ်ချက်ပြုလိုက်မိသည်။ထိုသို့တိတ်ဆိတ်နေချိန်မှာပင် ဧကရာဇ်ထံမှ စကားစပြောသံ ထွက်လာတော့သည်။

"စစ်သူကြီးက အထူးထူးသော စစ်ပွဲတွေအောင်မြင်ခဲ့ယုံမက တိုင်းပြည်အတွက် အကျိုးရလဒ် ကောင်းတွေအများကြီး လုပ်ခဲ့တဲ့သူဖြစ်တယ်။ ကိုယ်တော်တို့အားလုံး အခုလို ငြိမ်းငြိမ်းနေထိုင် နေနိုင်တာကလည်း သူတို့ရဲ့နိုင်ငံအပေါ်သစ္စာသိပြီး ကာကွယ်စောင့်ရှောက်မှုကြောင့်သာလျှင် ဖြစ်တယ်။ အကယ်၍ အခုလို ကိုယ်တော်ဆုံးဖြတ်တာကို မနှစ်သက်တဲ့သူရှိရင် ပြောကြ။ အဲ့ဒီလိုဆုံးဖြတ်တာကို မနှစ်သက်တဲ့သူတွေကို နောင်လာမယ်စစ်ပွဲတွေမှာ သူတို့ကိုထွက် တိုက်ခိုင်းမယ်၊ သေချာပေါက် စစ်သူကြီးလို အဲ့ဒီလူတွေကအောင်ပွဲနဲ့ ပြန်လာနိုင်ရမယ်၊ ကဲ... သဘောမတူတဲ့ ဘယ်သူမဆိုထွက်လာလို့ရပြီ "

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now