အခန်း (၇) ရှီကျင်းနွမ်

9.7K 1.4K 58
                                    

ရှရီတို့ အိမ်တော်အရှေ့ရှိ ရုတ်ရုတ်သဲသဲ အခြေအနေအား ကြည့်နေဆဲမှာပင်...

" Qiang ! မင်းအဖေက မင်းကိုတွေ့ချင်နေလို့တဲ့ ..! "

ထို အိမ်တော်ရှေ့တွင်အော်နေသော အမျိုးသမီးကြီးက အော်ပြောလာ၏။

မကြာမီမှာပင် အိမ်တော်ထဲမှ ရှီကျင်း၏ မိခင်ထွက်လာသည်။ သူမက သားရည်အိတ်ငယ် ခပ်သေးသေးကို ထိုအမျိုးသမီးကြီးထံ ပေးလိုက်၏။ လက်ထဲအထုတ်လေးရသည်နှင့် အမျိုးသမီးကြီးက အလျှင်အမြန်ပင် ကျေးဇူးစကားဆိုကာ နေရာမှထွက်သွားတော့သည်။

ရှရီ မျက်မှောင်ကျုံလိုက်မိသည်။

Lou Xi ဟာ သူ၏ ချစ်ဆုံးသူငယ်ချင်းလေး မျက်နှာကို ကြည့်လိုက်ပြီး ခေါင်းကိုရမ်းလိုက်၏။

" မင်းက သေချာပေါက်ကို တစ်ခုခုတော့ တစ်ခုခုပါပဲလား ကျင်း ရာ ! မင်းအဖေ မရောက်လာသေးခင် ငါတို့အခုအိမ်ထဲပြန်ဝင်မှ ဖြစ်မယ် .. လာ ! "

Lou Xi က ဆိုလိုက်သည်။

" ကောင်းပြီ ပြန်ကြမယ် ! "

ရှရီပြန်ပြောရင်း အိမ်အနောက်ဘက်ပေါက်သို့ ဦးတည်လာခဲ့ကြ၏။ သူတို့အိမ်အနောက်ပေါက်သို့ လျှောက်နေဆဲမှာပင် မိန်းမပျိုငယ်လေးတွေက သူတို့နှစ်ယောက်ကို ကွက်ကြည့် ကွက်ကြည့်ပြုလျက် ခိုးခိုးခ်ခ် ရယ်သွမ်းဟန် ပြုနေကြ၏။ သူတို့မျက်နှာတွေတွင် ရှက်သွေးသွမ်းလျက် .... ရှရီတို့ထံ အကြည့်မလွှဲရှိနေကြသည်။

ရှရီဟာ ထိုအမျိုးသမီးလေးတွေ၏ အမူအယာကို မြင်သောအခါ မရိုးမယွဖြစ်လာသလို ခံစားရပြီး အတန်ငယ်သူတို့နှင့် စကားပြောကြည့်လို၏။ သို့နှင့် သူမက အကြည့်ကို ထိုအမျိုးသမီးလေးတွေထံ ပို့လိုက်၏ ။

" ဖတ် ! "

Lou Xi ၏ လက်သံပင်၊ ထုံးစံအတိုင်းပင် ရှရီခေါင်းအား အနောက်ကနေ အုပ်ထည့်လိုက်ပါ၏။

" မင်း အဲ့ဒါကို နည်းနည်းလေးတောင် မစဉ်းစားနဲ့ !"

သူကပြောလဲပြော ...ပြေးလဲပြေးထွက်သွားသည်။

Sheri ဟာ စပ်ဖျဉ်းဖျဉ်းဒေါသတွေ လိမ့်ထွက် လာလျက် အိမ်ရှေ့စံနောက် ပြေးလိုက်တော့သည်။ မောင်းတင်ထားသည်ကား ဒီအိမ်ရှေ့စံ သူမလက်နဲ့ မိရင်အသေပဲ ဟု။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now