အခန်း (၂) ရှရီဟုမ်း (After Arc-4)

4.9K 704 30
                                    

(Zawgyi)

ရှရီဟာ အခန်းထဲပြုံနေသည့် ပန်းများကိုနေရာချနေသည့် မိခင်ကိုတစ်လှည့်၊ အေးစက်တိတ်ဆိတ်နေသည့် Devon ကို တစ်လှည့်မျက်စိလှည့်ကြည့်ရင်းက လူသတ်ငွေ့နံ့ရနေသလို မသက်မသာခံစားနေရလေသည်။

သူက Devon အား အခန်းအပြင်ထွက်အောင် မည်သို့လုပ်ရမည်ကို တွေးကာ အကြံထုတ်နေခဲ့၏။ ထို့နောက် သူမ စကားစလိုက်၏။

" ဆိုတော့ကာ မစ္စတာ Devon ကို ကျွန်မ ဘာများကူညီပေးရမလဲ.. ?"

ရှရီဟာ သူ့ကိုကြည့်ရင်းဖြင့် အတိတ်ဖြစ်ရပ်က ပုံရိပ်များကို ပိတ်ကားမှာ မီးထိုးထားသလို တဖြတ်ဖြတ်ပြန်ပေါ်လာခဲ့ရင်း မျက်မှောင်အနည်းငယ် တွန့်ကွေးလိုက်မိသည်။ ထိုလူဟာ ယခင်ဘဝမှာသူမကိုရက်ရက်စက်စက်နှိပ်စက်မှုတွေကို သွေးအေးအေးနှင့်ထိုင်ကြည့် နေနိုင်သောသူ ဖြစ်သည်။ သို့သော် သူမ၏ မစ်ရှင်ထမ်းဆောင်စဉ်က စနစ်၏တိမ်းချော်မှုကြောင့် သူမသေဆုံးပြီးနောက်တွင် သူ၏ ယူကြုံးမရ ငိုကြွေးမှုနှင့် ခံစားနာကျင်နေမှုတို့ကို မြင်ခဲ့ရသည်။ ဒီလိုသိလိုက်ရတာက သူမကို အနည်းငယ်တွေဝေသွား စေပေမဲ့ ဒါကခွင့်လွတ်ပေးဖို့ထိ မလုံလောက်ဟု ယူဆလေသည်။

ဒီမှတ်မိနေတဲ့သူနှင့်ပတ်သက်သည့် မှတ်ဉာဏ်တွေဟာလည်း အရမ်းရှင်းလင်းနေသည်တော့ မဟုတ်၊ ခပ်ဝါးဝါးမျှကျန်နေခဲ့ယုံ..။

သူမ၏အပြောကို Devon က နု့ညံသိမ်မွေ့သည့် ခပ်သာသာအပြုံးဖြင့် အရင်တုံ့ပြန်လာခဲ့၏။ ထိုအပြုံးက ရှရီကို ရှော့ရစေသလို နှလုံးသားအတွင်းသို့ ဒိန်းကနဲဝင်စောင့်လာသလို အေးခဲစေသည်။ ဒါကဘယ်လိုအပြုံးလဲ...၊ အရမ်းကို နုညံ့လွန်းနေတယ်။ အပြုံးကြောင့် သူ၏ ခန့်ညားသည့်မျက်နှာက နုပျိုလတ်ဆတ်ပြီး ချောမောမှုက ငေးကနဲတောင်ဖြစ်သွားစေလောက် သည်။

ရှရီခေတ္တမျှ အိုးတိုးအမ်းတမ်းဖြစ်သလိုခံစားလိုက်ရသည်၊ သူမ၏မှတ်ဉာဏ်ထဲက ထိုလူ၏ ရက်စက်ပုံကို ပြန်အမှတ်ရအောင်အားတင်းကာ စိတ်အတွင်း < "ငါပဲ..ထင်ယောင်လေသလား"> သူမဖာသာ အသံတိတ်ခပ်တိုးတိုးပြောမိလေသည်။ ထိုလူ၏ ရက်စက်တည်တင်းအေးစက် သည့်ပုံစံကို သူမယခင်ဘဝကလည်းမြင်ခဲ့ပြီးပြီဖြစ်သည်၊ မကြာခင်ကပင်လူသတ်ချင်သည့် အရိပ်အငွေ့တွေဖြင့် စူးလက်နက်မှောင်နေသည့် မျက်ဝန်းများက ယခုအပြုံးကြောင့် ရွှန်းစိုနေပြန်သည်။ ထိုမြန်ဆန်သည့်အပြောင်းအလဲအတွင်း ရှရီ နည်းနည်းရှော့ရသွားတာတော့ အမှန်ပင်။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now