EPISODE - 5

2.1K 167 7
                                    

#Z

ကောင်လေးရှိနေတဲ့ဝိုင်းကိုချက်ချင်းပြေးသွားပြီး
သူခေါ်လိုက်သည်က..

"ဘေဘီကု ? "

"ဟင်? "

"ဟမ်?? "

"အမ်?? "

ကြောင်သွားသည်က ဂျောင်ကုအပါအဝင်နမ်ဂျွန်နဲ့
ဂျီမင်း ထယ်ယောင်းကတော့ မျက်ခုံးပင့်ကာ အမူအ
ရာဖြင့် ????

"ကိုကြီးယောင်း !! "

ခုံပေါ်မှထကာ ရီပြလိုက်တဲ့ကောင်လေးကြောင့်
ထယ်ယောင်း အံ့ဩသွားမိသည်....

ဂျွန်ဂျောင်ကုက ပျော်နေလိုက်တာ ဟက်...

"မင်းကို ကျောင်းလာကြိုမလို့ လာခဲ့တာ
ဟိုရောက်တော့ မင်းသူငယ်ချင်းတွေက မင်းဒီနေ့ဖျားနေတယ်တဲ့
ကျောင်းမလာဘူးဆိုလို့ မင်းအိမ်ကိုPizzaလာပို့
မယ်ဆိုပြီး လာဝယ်တာကွာ အခုတော့လည်း တွေ့
လိုက်ရတော့ အလွမ်း.... "

သူဂျောင်ကုနဲ့စကားပြောရင်း
ကြည့်လိုက်တော့ ဆရာကြီးဆိုက်နဲ့
ထိုင်နေတဲ့ နမ်ဂျွန်နဲ့ထယ်ယောင်းနဲ့ဂျီမင်းရယ်ပါ..။

ဒီဘက်ကတစ်ယောက်က မနေ့က တွေ့ခဲ့တဲ့ တစ်
ယောက်ပဲ၊

"မင်္ဂလာပါ..ကျနော့်နာမည်က မင်ယောင်းဝူပါ
ဂျောင်ကုရဲ့ သူငယ်ချင်းပါ "

" အသက်ကဘယ်လောက်မလို့ မင်းတို့က ဘယ်လို
သူငယ်ချင်းဖြစ်တာလဲ?? "

"26 နှစ်ပါ "

"ဟေ!!! "

နမ်ဂျွန်နဲ့ဂျီမင်းရှိက ပြိုင်တူအသံကြားတော့
ယောင်းဝူ လန့်သွားပြီ..

"ငါတို့နဲ့ရွယ်တူက ငါ့ညီနဲ့သူငယ်ချင်းတဲ့ ဟားဟား "

"အာ..ဟျောင်းတို့ကလဲ ကိုကြီးယောင်းကိုမရီပါနဲ့
မနေ့ကတည်းကစပြီး သူကကျနော့်သူငယ်ချင်းပဲ "

"အေးပါကွာ မင်း ငါ့ညီကုကုလေးကို ဂရုစိုက်နော် "

"အင်းပါ၊ မင်း..."

"အဟမ်း..."

"ရင်းနှီးနေပြီဆိုတော့ နာမည်ပဲခေါ်ပါ "

"နာမည်မှမသိတာ ကျနော်သိတာ ဘေဘီကုကိုပဲ
သိတာ "

"ငါ့နာမည် ကင်မ်နမ်ဂျွန်၊သူက ပတ်ဂျီမင်း၊ ဟိုတစ်ယောက်က ကင်မ်ထယ်ယောင်း ငါတို့တွေက ရွယ်တူတွေ သူကသာငါ့ညီလေး "

Poison ( Completed )Where stories live. Discover now