EPISODE - 26

1.4K 105 11
                                    

#Z

[ သူအရာအားလုံးကို မှတ်မိသွားခဲ့ပြီ။ ]

ယွန်းဂီ ချိန်းဆိုတဲ့နေရာကို ရောက်လာတာနဲ့ပင်၊
ဆိုင်ထဲရှိ Waiterကောင်လေးက သူတို့နှစ်ဦးအား
လာခေါ်သည်။ သူလည်း ဂျောင်ဂုလက်လေးအား
ဆွဲကာ လိုက်လာတော့သည်။ ဂျောင်ဂုကလည်း
ကလေးအရွယ်လေးလိုပင် ခုန်ဆွခုန်ဆွလေးနဲ့ပင်
ဖြစ်သည်။

အဆင့်မြင့်စားသောက်ဆိုင်ဖြစ်သည်မို့ VIPအခန်း
တစ်ခုရှေ့ရောက်တော့ ကောင်လေးက တံခါးဖွင့်
ပေးလိုက်သည်။

" အဆင်ပြေပြေ သုံးဆောင်နိုင်ကြပါစေခင်ဗျ "

" အော်...ညီလေး..ခဏနေကြ ဧည့်သည်တစ်ယောက်လာရင်လည်း ဒီနေရာကို
ခေါ်လာပေးကွာ။ ဒါနဲ့ နာမည်က ကင်မ်ထယ်ယောင်းနော် "

" ဟုတ်ကဲ့ခင်ဗျ "

Waiterလေးက သေချာခါးကိုင်းရင်း ရိုသေစွာ
စကားဆိုလိုက်သည်။ သူလည်းခေါင်းလေးသာ
ငြိမ့်ပြလိုက်သည်။ ယခုကထည်းက မှာရသည်က ထယ်ယောင်းလာမှာမို့ မှာလိုက်ခြင်းပေ။

အထဲဝင်လိုက်တော့ မင်ယွန်းဂီက ထိုင်ခုံ၌ မိန့်မိန့်
ကြီးထိုင်ကာ သူတို့အားကြည့်နေသည်။ မျက်နှာ
လည်းပြုံးနေသည်ပေါ့။

" အဟမ်း...မင်ယွန်းဂီရှီး..ကျွန်တော် သူငယ်ချင်း
ထယ်ယောင်းကို ခေါ်ထားတယ်။ သူကတော့ ဒီက
ပုဂ္ဂိုလ်လေးရဲ့ အရေးကြီးဆုံးသော သူမလို့။ "

ပတ်ခ်ဂျီမင်းကရုပ်တည်ဖြင့် ခပ်ပြတ်ပြတ် ဆိုလေသည်။

" ရတယ်၊ ဘာမှမဖြစ်ပါဘူး။ သူတို့က သူတို့လေ။
ကိုယ်တို့ကိစ္စလည်း ဆွေးနွေးရဦးမှာပေါ့။
ဟုတ်တယ်မလား ဂုကီးလေး။ "

ဂျောင်ဂုအားကြည့်ကာ ရယ်ပြုံးပြုံးဖြင့်ဆိုနေသည့်
ယွန်းဂီအား ပတ်ခ်ဂျီမင်းနားမလည်ဟန်ကြည့်မိသည်။
ဂျောင်ဂုကိုကြည့်ပြန်တော့လည်း ရီရင်း ခေါင်းတညိမ့်ညိမ့်နဲ့ပင်ဖြစ်သည်။

" အဖိုးကြီး!! ဂုကီးတို့ ဗိုက်ဆာပြီလေ။ "

မျက်လုံးပြူးသွားသည်က ပတ်ခ်ဂျီမင်းပင်ဖြစ်သည်။ ဒီကောင်လေး ဒီနာမည်နဲ့
ဒီလူကို ဘယ်လိုတွဲလိုက်တာပါလိမ့်။

Poison ( Completed )Where stories live. Discover now