EPISODE - 30 ( Final )

4.1K 150 31
                                    

#Z

ဒီလိုနဲ့ ထယ်ယောင်းနဲ့ဂျောင်ဂုဟာ စင်တာတစ်ခုကို ရောက်လာကြသည်။ ထိုစင်တာဟာ ထယ်ယောင်း
ရဲ့ အပိုင်ဖြစ်တာကြောင့် အေးဆေးစွာ လာရောက်
ဝယ်ယူနေသည်။ နေစရာကိုတော့ အရင်က ဟို
သုံးယောက်ပေးတဲ့ အိမ်နဲ့စတော်ဘယ်ရီခြံလေးနှင့်
သာ နေမည်ဆိုတာကြောင့် လက်ခံလိုက်ရပါသည်။
ယခုတွင်တော့ ကင်မ်ဂျောင်ဂု အင်္ကျီလဲနေတာကို
စောင့်နေရသည်။

" ကိုကို~ ဂုကီးအဆင်ပြေရဲ့လားကြည့်ပါဦး။ "

လိုက်ကာစဖွင့်သည့်နှင့်တစ်ပြိုင်နက် ဂျောင်ဂုဟာ
ခန့်ညားနေသည်။ အထူးသဖြင့် အသားဖွေးဖွေးဥဥ
လေးတွေကြောင့်ရယ် suitအဖြူကြောင့် လှပခန့်ညားနေသည် မဟုတ်လား။

" အဆင်ပြေတာပေါ့ ကလေးငယ်ရာ။ "

" အဆင်ပြေရုံပဲလား ကိုကိုရာ. "

မျက်မှောင်လေးကြုံ့ကာ မေးနေသည့် ကလေးငယ်
ကြောင့် သူဟာ ရယ်ရင်း ကလေးငယ်စိတ်အလိုကျ
ဖြစ်အောင် ဖြေလိုက်ရတော့သည်။

" ကိုယ့်အပိုင် ကလေးငယ်လေးကို ကိုကိုကသိပ်
ချစ်တာမို့၊ ကိုယ့်ကလေးငယ်က ကိုယ့်အတွက်ဆိုတာမို့ မလှလည်း အဆင်ပြေတယ်။
ကဲ...အချစ်လေး ကျေနပ်ပြီလားပြော! "

ထိုအခါမှ ပြုံးရယ်သွားတဲ့ ကလေးငယ်ဟာ ချက်ချင်းဆိုသလိုပင် ကျွန်တော့်အနားကိုလာရင်း
ပေါင်ပေါ်တက်ထိုင်ကာ ကျွန်တော့်ပါးအား အနမ်း
ချွေလိုက်သည်။ ဝန်ထမ်းအချို့ကတော့ အလိုက်သိ
စွာ ထွက်သွားပေးကြသည်။

" ကိုကိုက..လိမ္မာလိုက်တာ။ "

" ဟောဒီက...ကလေးငယ်ရဲ့ ကိုကိုလေ။ ဒီလောက်
တော့ ရှိမှာပေါ့ကွာ..ဟုတ်တယ်မလား? အချစ်..။ "

" ဒါပေါ့...ကိုကို ကြိုက်တာတွေ့ရင်လည်း သွားရ
အောင်လေ။ ဗိုက်ဆာလာပြီရယ်။ "

ဗိုက်လေးကိုနှိပ်ကာ ဗိုက်ဆာကြောင်းဆိုလာတဲ့
ကလေးငယ်ဟာ အခုချိန်ထိ ကလေးလေးပါ။
ဒါကို သူကိုယ်တိုင်က လူကြီးလေးပါတဲ့လေ။

" ဟားဟားး...ကိုယ်က ဒီsuitနဲ့အဆင်ပြေတာမို့
မရွေးတော့ဘူးကွာ။ သွားမယ်..ကိုယ့်အနှစ်တုံးလေး
ဗိုက်ဆာနေပြီမလား။ "

Poison ( Completed )Where stories live. Discover now