EPISODE - 8

1.6K 155 1
                                    

#Z


ထယ်ယောင်းတွေးနေမိသည်။ ဒီအပြုံးအရယ်လေး
တွေကို ငါရှေ့မှာ ထုတ်ပြဖို့ မင်းကဝန်မလေးပေမဲ့
ငါကတော့ မင်းရဲ့အပြုံးတွေကို မင်းပြုံးပြနေတာ
တောင် ငါကိုယ်တိုင်က စိတ်မဝင်စားနေခဲ့တာ။
အခုတော့ မင်းရဲ့အပြုံးတွေကိုရော အပြုံးတွေရဲ့ပိုင်
ရှင် မင်းကိုပါ လိုချင်ပါရဲ့ ဂျောင်ဂုရယ်...။

ဟင်းးးးး

"ဂျောင်ဂုရယ်..မင်းရဲ့အချစ်က သစ်ရွက်ကြွေရင်တောင် ရင်ခုန်နေတက်တဲ့ အရွယ်ပါ။"

ကျွန်တော် ဒီမြင်ကွင်းကို ဆက်မမြင်ချင်တော့ပေ။
ဂျောင်ဂုသူ့ကိုရီလိုက်တိုင်း ကျနော်ရဲ့ဝဲဘက်ရင်အုံက
နာကျင်နေလျက်၊ဘာလဲ?ကျနော် ဂျောင်ဂုကိုချစ်နေ
တာလား၊အာညီး..လုံးဝကို မဖြစ်နိုင်ဘူး၊သူ့ကိုကျွန်
တော် မုန်းတယ်။မသိစိတ်က ချစ်နေမိရင်တောင် မင်း
ကိုရအောင် မုန်းမယ် ဂျောင်ဂုရယ်....။ခုနကပဲ ငါကိုယ်တိုင် သူ့အပြုံးကိုလိုချင်ပြီးမှ အခုပဲရအောင်
မုန်းမယ်တဲ့၊ ဟက်...ကင်မ်ထယ်ယောင်းတို့ တကယ့်
ကိုမိုက်ရူးရဲဆန်ပါရဲ့။

သူလည်း ဆက်မတွေးမနေတော့ပဲ သူရဲ့company
ကိုသာ သွားတော့သည်။

-----------------------------

"ယုန်ပေါက် စာသင်ရတာ အဆက်ပြေလား?၊ မင်းပုံစံလေးက ပင်ပန်းနေမဲ့ပုံပဲ၊ အားဆေးရော
သောက်ရဲ့လား၊ အစ်ကိုနဲ့ပြန်ရင် ဝယ်မယ်လေ "

ဂျောင်ဂု မနက်ကကိစ္စကိုတွေးရင်း အားငယ်မိတာ
ကြောင့် စိတ်မကောင်းဖြစ်နေတာကို၊ နေမကောင်း
တယ်ထင်ရင်း ဂရုစိုက်နေတဲ့ အစ်ကိုယောင်းရယ်ပါ။

"ဟာ..အစ်ကိုယောင်းကလည်း ကျနော်မနေ့ညက
အိပ်ရေးမဝလို့ပါ ဘာမှတော့မဖြစ်ပါဘူး၊ "

"သေချာလို့လား ယုန်ပေါက်?"

"သေချာပါတယ်ဗျ ခစ်ခစ် "

"ဟဟ.ဟုတ်ပါပြီ၊ ဒါဆို ကိုယ်နဲ့တူတူပြန်မယ်လေ
အဆင်ပြေလား၊ လမ်းမှာ တွေ့တဲ့ဆိုင်လေးမှာ
မင်းစားချင်တာလေးတွေ အများကြီးဝယ်ပေးမယ်"

"တကယ်လား? "

"တကယ်ပေါ့"

"ဒါဆို..kookieလေကိုကြီးကို ဖုန်းဆက်ပြော
လိုက်မယ်နော် "

Poison ( Completed )Where stories live. Discover now