EPISODE - 23

1.5K 143 8
                                    

#Z

နောင်တဆိုသည့် အရာကြောင့်

အချိန်လွန်သွားသည်ကို ထယ်ယောင်းတစ်ယောက်

ပြန်လည်ပြောင်းလဲနိုင်ခွင့် ရှိပါ့မလား။

-------------

ဆေးရုံတန်း၌ ထိုင်နေတဲ့ ကောင်လေးဟာ
သူရင်ထဲ၌ အလွန်ကို နာကျင်နေရသည်လေ။
သူအတွေးထဲ၌ ယခုအချိန်ထိ စိုးမိုးနေသည်က
ထိုကလေးငယ်သည်
ကျွန်တော့်အား ခွင့်လွှတ်ပါ့မလား။

ထိုအတွေးနဲ့တစ်ပြိုင်နက် တွေးမိသည်က......

ငယ်ငယ်က အကြောင်းကို တဖန်ပြန်တွေးမိလေသည်။

ထိုနေ့က ကျွန်တော်ကိုယ်တိုင် ယူဟိုနဲ့ဆော့နေသည်
လေ။ သူကြိုက်သည့်ကားအနီလေးကို သူ့အားမပေး
ဘဲ ယူဟိုဆိုသည့်ကောင်လေးအား ပေးဆော့ထားတာကြောင့် သူ့မှာ အဝေးကပင်ကြည့်
နေလေသည်။

"ကိုကိုယောင်း!"

"ဗျ..ဗျ...."

ထိုကလေးငယ်က ကျွန်တော့်ကို ကိုကိုယောင်းဟု
သာခေါ်ထားသည်။ ကျွန်တော်ကလည်း ခေါ်ခွင့်ပြု
ထားသည်လေ။

"ဟိုမှာ...ကုကီးက သားတို့ကိုကြည့်နေတယ်၊ ကိုကိုက သူနဲ့မကစားလို့တဲ့လေ "

လက်ထဲ၌ Iron Manအရုပ်လေးပိုက်ကာ ဂျောင်အကွယ်တစ်နေရာကနေ သူတို့နှစ်ယောက်
အား မျက်ရည်လေး တစ်ရွဲရွဲနဲ့ကြည့်နေတဲ့ သူဟာ
အရမ်းကို သနားဖို့ကောင်းလှသည်လေ။

"ထားလိုက်ပါ..ယူဟိုရာ..ကိုကိုက ဆိုးတဲ့ကလေးတွေ
ကိုမချစ်ဘူးဗျ "

"သားသားက လိမ္မာတယ်မလား"

"ဒါပေါ့ကွာ "

ကုကီးနဲ့အတူ အမူအရာကိုတူညီစွာ လုပ်ပြနေတဲ့
ယူဟို အမြင်ကပ်စရာကောင်းလှသည်။

"ညီလေး..ကိုကို သန့်စင်ခန်းသွားဦးမယ်၊ ဆော့နေ
နော် "

"ဟုတ်ကဲ့..."

ထိုကလေးအား မှာကာ သန့်စင်ခန်းက်ုထွက်သွား
လေသည်။

နောက်တော့ ဂျောင်ထဲက ဂုဂီးလေးက ယူဟိုအနား
ရောက်လာကာ သူလည်း ဆော့ချင်တာကို ခွင့်တောင်းမိသည်။

Poison ( Completed )Where stories live. Discover now