EPISODE - 22

1.7K 149 7
                                    

#Z

နောင်တဆိုသည့်အရာဟာ နောင်မှရသည်ဟု လူတို့သည် သတ်မှတ်ထားကြလေသည်။

ထယ်ယောင်းဟာ ဂျွန်ဂျောင်ဂုဆိုသည့် ကလေးငယ်အားကျရှုံးသွားလေသည်ဟု ယူဆနိုင်သည့် အချိန်ဖြစ်လေသည်မဟုတ်လား?

ထိုအခြင်းအရာတွင် မာနဆိုသည့်အရာဟာ
*အချစ်*ဆိုသည့်အရာကိုမှ
အရှုံးပေးသွားကြလေသည်။
မာနကြောင့် အချစ်ကိုမျက်စပြုထားသည့် ထယ်ယောင်းနဲ့ ငယ်ရွယ်ပေမဲ့အချစ်ကို တန်ဖိုးထားတဲ့ ဂျောင်ဂုနဲ့ ယှဉ်ရင် သူဟာ ညံ့လွန်းသည်ဟု ယူဆနိုင်သည်။

ဒါကြောင့် အချိန်လွန်မှ နောင်တရသည့် ထယ်ယောင်းဟာ အလွန်ကိုမိုက်မဲလွန်းသတဲ့ဗျာ။

-------------

အချိန်ဆိုသည်အားဖြင့် 8နာခွဲရှိလေပြီ။
သိုပေမဲ့ ခွဲစိတ်ခန်းထဲက ယခုအချိန်ထိပင် အသက်လုနေစေပင်ဖြစ်လေသည်။
အရှေ့ကအစ်ကိုတွေဟာလည်း....
လမ်းလျှောက်သူကလျှောက်၊ ထိုင်သူကထိုင်နဲ့၊
ယောင်းဝူကတော့ ခွဲစိတ်ခန်းရှေ့တံခါးနားကပင်မခွာ
ပဲ ရပ်နေလေသည်။ ထိုအားလုံးထဲမှ ကောင်လေး
တစ်ယောက်ဟာ နံရံအကွယ်ကနေ ထိုင်လျက်၊
ချောင်းကြည့်လာလိုက်နဲ့ပင် အလုပ်ရှူပ်နေသည်။

အချိန်ကတော့ ရှေ့ဆက်လို့ပင် သွားစမြဲသွားနေ
လေသည်။

9:00

9:30

10:00

ထိုအချိန်တွင်တော့ ခွဲစိတ်ခန်းထဲက ထွက်လာတဲ့
ဒေါက်တာကြီး။

"ဆရာ..အခြေအနေ..."

ယောင်းဝူ၏ အသံဟာ တုန်ယင်လျက်....

"အခြေအနေကစိုးရိမ်စရာတော့ မရှိပါဘူး၊ ဒါပေမဲ့
လူနာက ဦးခေါင်းကို အပြင်းအထန်ထိခိုက်ထားပါ
တယ်၊ ဒါကြောင့်မို့ လူနာသတိရလာရင်တောင် စောင့်
ကြည့်ဖို့က လိုပါသေးတယ်၊ ကျန်တဲ့ ထိခိုက်ဒါဏ်ရာ
တွေလည်း အများကြီးဖြစ်သေးပါတယ်၊ ကျန်တာ
ကတော့ စိုးရိမ်စရာမရှိတော့ပါဘူး။ "

ဆိုရင်း ထွက်သွားလေသည်။ အစ်ကိုတွေက အခုမှ
အသက်ကောင်းကောင်းရှုနိုင်ကြပေမဲ့ ဆရာဝန်ပြော
ခဲ့သည့် တစ်ခုထည်းသော စကားကိုကြားတာတောင်
စိတ်မလျှော့နိုင်သေးပေ။ ကျန်တဲ့ ကောင်လေးဟာ
လည်း ထိုကောင်လေးရဲ့အခြေအနေကို
သိချင်တာကြောင့်ပင် ဆရာဝန်အား တိတ်တဆိတ်
မေးမြန်းနေလေသည်။
.
.
.
.
.
.
.
.
.
ထိုအချိန် ဆေးရုံ၏ တိတ်ဆိတ်လွန်းလှသည့်
VVIPအခန်းထဲ၌ လှဲလျောင်းနေသည့် အဖြူရောင်
ကောင်လေးအား ကြည့်နေသည့်အစ်ကိုတွေဟာ
မျက်ရည်တွေလည်း ကျလျက် ကောင်လေးကိုဆု
တောင်းပေးနေကြသည်။

Poison ( Completed )Where stories live. Discover now