EPISODE - 27

1.5K 97 1
                                    

#Z

" ကိုကို~....လွမ်းနေခဲ့တာ။ "

သူနားကြားမှားလေသလား။ အမြင်တွေပဲ ဝေးဝါး
နေခဲ့သလား။ လူအများကြီးရှိတာတောင် ကျွန်တော့်ကိုတဲ့လေ။ သူ့အမေ၊ သူ့အစ်ကိုကိုတောင်
တွေ့ပါလျက် ကျွန်တော့်ကိုတဲ့လေ။

" ကိုကို...ဂုကီးကို အခုထိ စိတ်ဆိုးနေတုန်းလားဟင်။
ဂုကီး....ကိုကို့ကို ရိုက်မိတဲ့အတွက် တောင်းပန်ပါတယ်နော်။ "

ကလေးငယ်ရဲ့ စကားတစ်လုံးစီဟာ ကျွန်တော့်ရင်
အစုံကို ရိုက်ခတ်စေလျက်။ ကျွန်တော် ကျလုစဲစဲ
မျက်ရည်တွေအား ကျခွင့်ပေးချင်သည်မို့ ဆေးရုံ
အပေါ်ထပ်သို့ သွားဖို့ ဆုံးဖြတ်လိုက်သည်။
ပြီးမှ ကလေးငယ်လေးကို တောင်းပန်ဖို့ အားယူမည်လေ။

" ကိုကို~ "

ထွက်သွားတဲ့ ကိုကိုဟာ အခုထိ ဂုကီးကို နာကျဉ်း
နေတာလား။ ဘေးဘက်ကိုကြည့်လိုက်တော့
မာမီရယ်၊ အကိုတွေရယ် မျက်ရည်တွေကျကာ
ပြုံးရယ်နေကြသည်။

" မာမီ~ သားကို ခွင့်လွှတ်ပါနော်။ "

အသံသေးသေးလေးဟာ အားယူပြီးပြောလျက်။

" ဟင့်..မာမီသားလေးကို ခွင့်လွှတ်ပါတယ်နော်။ "

" သားက မာမီတို့ သားမဟုတ်ဘူးဆိုပြီး မချစ်ပဲ မနေပါနဲ့နော်~ "

" သားငယ်ရယ်...မင်းက မာမီတို့သားလေးပဲ။ ဒါတွေ
ပြောမနေနဲ့ မာမီ့ကလေးလေး..ဟော..ဆရာဝန်လာ
ုပြီ။ သားငယ်ဖြစ်နေတာတွေ ပြောလိုက်တော့။ "

ဒေါက်တာက ဂျောင်ဂုကို စမ်းသပ်နေချိန် ကလေးငယ်လေးဟာ ယောင်းဝူကိုကြည့်ကာ ပြုံးလျက်။

" အားလုံးအဆင်ပြေသွားပါပြီဗျာ။ Congratulationsပါဗျာ။ နောက်ဆုံးတော့ ကင်မ်
အိမ်တော်ရဲ့ ဆည်းလည်းလေး နေကောင်းလာပြီ
ပေါ့ဗျာ။ "

ဒေါက်တာက အဆင်ပြေကြောင်း ပြောနေလျက်။
ဂျောင်ဂုကတော့ ဒါတွေနားထဲမဝင်။ သူ့ကိုကို ကိုသာ
တမ်းတနေသည်။

******

ဆေးရုံအပေါ်ထပ်ရှိ ကောင်လေးကတော့ ထိုင်ချကာ
ဒူးထောက်ငိုကြွေးနေသည်။

" ငိုလိုက် ထယ်ယောင်း...မင်းအတွက် ငါရှိတယ်။ "

ထယ်ယောင်းပုခုံးပေါ် လက်တင်လျက် ပြောလာတဲ့
ဂျီမင်း။ ထိုသို့ပြောကာမှ ထယ်ယောင်းပိုတိုးလို့
ဝမ်းနည်းမိသည်။

Poison ( Completed )Where stories live. Discover now