EPISODE - 12

1.6K 177 6
                                    

#Z

"ယုန်ပေါက်..."

နမ်ဂျွန်နဲ့ဂျောင်ဂု ဖက်ငိုနေတုန်း ယောင်းဝူမှ လှမ်းခေါ်လိုက်တာကြောင့် သူတို့နှစ်ဦးခွာကာ လှည့်
ကြည့်မိသည်။

"အစ်ကိုယောင်း...ရောက်ပြီလား။ "

"အင်း..ယုန်ပေါက် ဘာလို့ငိုနေတာလဲကလေး။ "

ယောင်းဝူက ဂျောင်ဂုငိုတာထယ်ယောင်းကြောင့်သာ
မှတ်ယူလိုက်ပြီး သူဆက်သိချင်သေး၍ သူမေးနေမိ
သည်။ဒါကိုဂျောင်ဂုက မဖြေတဲ့အပြင် ခေါင်းတခါခါ
လုပ်နေတော့ နမ်ဂျွန်ကသိတော့ မမေးစေချင်ဘူးထင်
ပါရဲ့ ကျွန်တော့်ကိုမျက်စပျက်ကာ ဂျောင်ဂုအား
ပခုံးကိုဖက်၍ အိမ်ထဲသို့ ခေါ်သွားသည်။

အိမ်ထဲရောက်တော့ ကင်မ်ထယ်ယောင်းရဲ့ မျက်နှာ
က တည်ငြိမ်လွန်းသည်။

*အင်း...ငါထင်တာမမှားရင်ဂျောင်ဂုနဲ့သူက ရန်ဖြစ်
ထားတယ်ထင်တယ်။*

"ဂျောင်ဂု !!!! "

"အ့...."

"အာ့...."

ဂျောင်ဂုကအထဲပင်မရောက်သေး ဒါကိုယူဟိုဆိုတဲ့
ကောင်လေးက ဂျောင်ဂုကို အကြမ်းပတမ်းပြေးဖက်
လိုက်တော့ နမ်ဂျွန်က သိပ်သဘောမကျစွာဖြင့် တွန်း
ထုတ်လိုက်တယ်။

"ဟင်? Hyung ဘာဖြစ်လို့လဲဟင်။? "

"အမ်? Sry ယူဟို အကိုညီလေးနာသွားလို့ မင်းကို
မတော်တဆ တွန်းထုတ်မိသွားတာ။ "

"ဟင့်..ရပါတယ်ဗျာ။ "

ဆိုရင်း ထယ်ယောင်းကို လှည့်ကြည့်တော့ ဟိုက
လှည့်တောင်မကြည့် သူ့ဘာသာ ဖုန်းကြည့်နေသည်။
ဆိုလိုရင်းက ထယ်ယောင်းကသူ့ကိုငယ်စဉ်ကထည်း
က ပိုအလေးပေးတာကြောင့် သူလာထူမည်အထင်
နဲ့ထိုင်နေသည်။သိုပေမဲ့ ယူဟိုအတွက် ဒါတွေက
အချည်းအနှီးသာ ဖြစ်သွားတော့သည်။

"အစ်ကို .. ကျနော့်ကိုလာထူပေးပါအုန်း မထနိုင်လို့။"

ထယ်ယောင်းက ယူဟိုပြောတာကြားပေမဲ့ ဟိုကလေးရှိနေတာကြောင့် သွားမထူခဲ့ပေ။

"နမ်ဂျွန်...ငါ့အရမ်းပူနေပြီ ။ရေသွားချိုးတော့မယ် ။
မင်းအင်္ကျီတွေမဝတ်ဘူး ။ငါ့အိမ်ကလူကိုလာပို့
ခိုင်းထားတယ် ။ "

Poison ( Completed )Where stories live. Discover now