EPISODE - 18

1.4K 144 8
                                    

#Z

ဒီလိုနဲ့ ထယ်ယောင်းဂျောင်ဂုတို့ kuro Resturant
ကိုရောက်လာကြလေသည်။ အကြောင်းကား
ဂျွန်ဂျောင်ဂုလေး ဗိုက်ဆာလို့ပါသတဲ့လေ။
ထောင့်ကျတဲ့နေရာလေး၌ ထယ်ကုနှစ်ယောက်နေရာ
ယူလိုက်ပြီး ထယ်ယောင်းက ဂျောင်ဂုနဲ့မျက်နှာချင်း
ဆိုင်ဖြစ်အောင် သူကိုယ်တိုင်ခုံဆွဲပေးပြီး ထိုင်စေ
သည်။

"ကလေးငယ်~..ထိုင်လေ။ "

"ဟုတ်ကဲ့ "

ကလေးငယ်ရဲ့ နှုတ်မှ ဟုတ်ကဲ့ဆိုသည့် အသံချိုချို
လေးက နူးညံ့လှသည်။ ထိုအခါကလေးငယ်
ထိုင်ပြီးတော့မှ ထယ်ယောင်းကစကားဆိုလေသည်။

"ကလေးငယ်~ စာတွေဖြေနိုင်တယ်မလား။ ကိုကို
ကလေးကို အများကြီးမျှော်လင့်ထားတာနော်။
အထက်တန်းအောင်ရင် Seoul Universty မှာ
လျှောက်ရမယ်။ Businessအပိုင်းယူရင် ကလေးရဲ့
နောင်ရေးအတွက် အဆင်ပြေမှာ။ ပြီးတော့..ကိုကို
က...ကလေးငယ်ကို~...."

"ကိုကိုခဏ...."

ကိုကို့စကားများအား နားမထောင်ချင်တော့သည့်
အတွက် ရပ်တန့်စေလိုက်သည်။

ကိုကိုစကားများကြောင့် တကယ့်ကို ကုကီးတကယ်
စိတ်ပျက်မိသည်။ ကုကီးဖြစ်ချင်သည့်အရာမှာ ကိုကိုခန့်မှန်းထားတဲ့အတိုင်း မဟုတ်ပေ။
ကုကီးဖြစ်ချင်တဲ့အရာကို ကိုကိုတကယ်ပဲမသိ
တာလား။ ကိုကိုနဲ့တော့ခက်ပါ့ဗျာ။

"ကုကီး..အဲ့လိုတွေ ဆက်မတက်ချင်ဘူး။ ကုကီးက
ဖြစ်ချင်တာက ပန်းချီတွေဆွဲမယ်။ ပြခန်းလေးထဲ
ပြမယ်။ လူတိုင်းရဲ့ ကုကီးရဲ့ဝါသနာကို ချီးကျူးနေ
ရင်ရပြီလေ။ "

"ဒါပေမဲ့ ကိုကို လက်မခံချင်ဘူး။ ကိုကိုက မင်းကို
ကိုကို့လို အောင်မြင်စေချင်တာ။ ဒါတွေက မင်းလုပ်
သင့်တဲ့ အရာမှမဟုတ်တာ။ ကိုကို့စကားနားထောင်
တဲ့ ကလေးငယ်က မဆိုးရဘူးလေ။ "

"အရာရာတိုင်းကိုကို့စကားကို မြေဝယ်မကျနားထောင်ခဲ့ပေမဲ့ဗျာ ဒီတစ်ခါတော့
ကုကီး ငြင်းပါရစေ။ နားမထောင်ချင်ဘူး။ ကုကီးဝါ
သနာပါတဲ့ ပန်းချီကိုပဲ တစ်စိုက်မက်မက် အောင်
မြင်အောင် လုပ်ချင်ပါတယ်ဗျာ။ ဘယ်သူကရော
ကိုယ့်ဝါသနာကို ကိုယ်တိုင်မလုပ်ရဘူးလို့ သတ်မှတ်
ထားလို့လဲဗျာ။ ကုကီးလည်း လုပ်ချင်တာပေါ့။
ပြီးတော့ ဒါကြီးတွေကိုကုကီးမလုပ်ချင်ဘူး။ ကုကီး
နဲ့ မလိုက်ဖက်ဘူးပဲ ခံစားရတယ်။ "

Poison ( Completed )Where stories live. Discover now