EPISODE - 25

1.6K 105 11
                                    

#Z

[ တစ်စတစ်စမှတ်မိလာတဲ့ ကလေးငယ်ရဲ့မှတ်ဥာဏ်များ~ ]

ကလေးငယ်သည် မှတ်ဥာဏ်အချို့ကို မမှတ်မိသေး
ပေမဲ့ အရင်လိုပဲ ကလေးလေးလိုပင် ချွဲနေစမြဲ။
ကျွန်တော်ဟာလည်း ကလေးငယ်ကို အချစ်ပိုရစမြဲ။
သိုပေမဲ့ တစ်ခါတစ်လေကျ ထွက်လာတဲ့ မှတ်ဥာဏ်စတစ်ချို့။

" ကလေးငယ် "

" ဗျာ ~ ကိုကို "

အရင်ကလိုပင် မပြောင်းလဲတဲ့ ကျွန်တော့်ကလေးငယ်ရဲ့ နူးညံ့ချိုသာတဲ့အသံလေး။

" ကိုကို့ကို ချစ်လား "

ကျွန်တော်မေးတော့ သူကမေးစေ့ထက် လက်ထောက်ရင်း စဉ်းစားသည်။ ပြီးနောက် သူအဖြေပြောလေသည်။ ထိုအဖြေကား ကျွန်တော့်
ရင်ကို နာကျင်ရစမြဲ။

" ဟင့်အင်း ဂုကီးချစ်သူကိုကိုက သူကလွဲပြီး
ဘယ်ကောင်လေးမှ မချစ်ရဘူးတဲ့ ဟီးဟီး "

ထိုကလေးငယ်ရဲ့အပြောထက် ကျွန်တော်ကင်မ်ထယ်ယောင်း နောက်တစ်ခါ ရှူံးရခြင်း။

" အဲ့ကိုကိုက အမှားလုပ်ထားမိရင်ရော
ချစ်ဦးမှာလား "

ကျွန်တော်က ဆက်၍ မေးသည်။ တဖန် ကလေးငယ်က ရယ်ရယ်ပြုံးပြုံးဖြင့်သည်။

" ကိုကို့ကို ဂုကီးက အမြဲခွင့်လွှတ်ပြီးသား "

ထယ်ယောင်းတို့ ထိုစကားကြောင့် ဆွံ့အရစမြဲ။

" အင်းပါဗျာ~ ကလေးငယ်ရဲ့ ကိုကိုကလည်း
ကလေးငယ်ကို ချစ်ပါတယ် "

" ဟင့်အင်း သူမချစ်ဘူး ဂုကီးကို "

ကလေးငယ်ရဲ့ အသံဟာ နိမ့်လျက်။ သူအတော်ဝမ်း
နည်းနေရှာသည်။

" ဂုကီး အိမ်မက်ထဲမှာ ကိုကိုက ဂုကီးကိုပြစ်ထား
တာ၊ သူကလေ ဂုကီးကို မချစ်ဘူးတဲ့၊ သူ့အကျိုး
အတွက် ချစ်ဟန်ဆောင်ခဲ့တာတဲ့လေ။ "

ထိုစကားတွေကြောင့် သူအံ့ဩသွားရသည်။
ကလေးငယ်က အကုန်လုံးကို တစ်စတစ်စ မှတ်မိ
နေသည်လား။

" မဟုတ်လောက်ပါဘူး။ ဂုကီး ကိုကိုက ဂုကီးကို
ချစ်မှာပါ။ "

" ဒါဆို ကိုကိုက ဂုကီးကို ဘာလို့လာမတွေ့တာလဲ "

Poison ( Completed )Where stories live. Discover now