EPISODE - 17

1.5K 158 5
                                    

#Z

မနက်မိုးမလင်းသေးတဲ့အချိန်၌ဝယ်နေရောင်တောင် ထွက်စမပြုခင် ငှက်ကလေးများကလည်း တကျီကျီနဲ့ ကျွန်တော့်ကို မထသေးဘူးလားဟု နှိုးနေသယောင် ။

"အာ...ထပါပြီ ငှက်လေးတို့ရာ ။ဟင်??? 5ခွဲလား? "

ဟုတ်သား။ဒီနေ့က ကလေးရဲ့ စာမေးပွဲဖြေရမည့်နေ့

ဆိုရင်း ထယ်ယောင်းတစ်ယောက်အိပ်ရာမှ ကမန်း
ကတမ်းထကာ ရေချိုးခန်းထဲဝင်ကာ မြန်မြန်ဝင်ရင်း
ပြင်ဆင်ကာ သော့ကိုင်ရင်း အောက်သို့ဆင်းလာရ
သည် ။

သူဝတ်ဆင်ထားသည့်ပုံစံက တကယ့်ကိုနတ်သားအလား ။ ကလေးကိုစာဖြေဖို့
လိုက်မဲ့သူက White Pantအရှည်ကိုမှ အပေါ်က
Shirtအကျီအဖြူကို Pantထဲထည့်ကာ အပေါ်မှ
ဆွယ်တာလေးအစိမ်းနုရောင်လေးတစ်ထည်က ဆင်
ထားလေသည်။ ပြီးတော့ သူ့ကလေးငယ်လေးအတွက်ပါ အပြာနုရောင် ဆွယ်တာလေးက မပါမဖြစ် ။

တစ်ကယ်တော့ မနေ့က သောက်ထားတဲ့အရှိန်
ကြောင့် ဘာမှလည်း မစားရသေးတဲ့အပြင် နဲနဲတော့
သောက်ထားတော့ ခေါင်းက ထိုးကိုက်နေစမြဲပေါ့ ။
ထိုနာကျင်မှုကို အံတုနိုင်ဖို့ ကလေးငယ်ရှေ့၌
နာကျင်တာကို မပြချင်တာကြောင့် အိမ်တော်ထိန်း
လုပ်ပေးထားတဲ့ ပျားရည်တစ်ခွက်ကို မော့ကာ
ချက်ချင်းပင် ထွက်လာခဲ့သည် ။
အိမ်တော်ထိန်းနဲ့အလုပ်သမားတွေကတော့ခေါင်းတ
ခါခါဖြင့် ကျန်ခဲ့လေသည် ။

အကြောင်းအရင်းကာ ဒီနေ့ ကလေးငယ်နှင့် မနက်
စာ စားမည်ဟု လုပ်ထားတာကြောင့်ပင်ဖြစ်သည် ။

ထယ်ယောင်းတစ်ယောက် လေတချွှန်ချွှန်ဖြင့်ကား
မောင်းကာ ပျော်ရွှင်နေလေသည်။
ဟိုရောက်တော့ သူတွေးထားသည့်နဲ့က တစ်ခြားစီ ။

အိမ်ရှေ့မှာ ကလေးငယ်က ကျွန်တော့်ကိုစောင့်နေသည်ထင်ပါရဲ့ ။
ကလေးနဲ့အတူ ဘေးမှာ နမ်ဂျွန်၊ဂျီမင်း၊ဟိုဆော့တို့
လည်း အပါအဝင်ပင်ဖြစ်သည် ။

*ဒီကောင်တွေကလည်း ဘာလိုက်လုပ်မလို့လည်း
ဟာ ။ငါက ကလေးငယ်နဲ့အတူ ကျောင်းလိုက်စောင့်ပေးမလို့ပါဆိုကွာ ။ *

အိမ်ရှေ့၌ ကားရပ်လိုက်တော့ သူက ကလေးငယ်နား
လျှောက်လာချိန် ကလေးငယ်ကလည်း သူ့အနားကို
တဖန်လျှောက်လာချိန် နှစ်ယောက်လုံးမျက်မှောင်ကြုံ့လိုက်ရလေသည် ။

Poison ( Completed )Where stories live. Discover now