EPISODE - 21

1.6K 153 12
                                    

#Z

ကံကြမ္မာကို လူတိုင်းကတစ်ခါတစ်လေ မယုံဘူးဟု
သာ ကောက်ချက်ချထားကြလေသည်။
သိုပေမဲ့ ကံကြမ္မာကို မယုံသောသူတို့သည်လည်း မည်သည့်အချိန်၌ခွဲရမလဲ....။
အချစ်ကိုလည်း လူတို့ပင်ဖန်တီးသည်....။
အမုန်းကိုလည်း ဖန်တီးလို့ရသည်...။
သိုရာ၌လည်း ကံကိုလည်းလူလုပ်လို့ရသလို၊
ကံကြမ္မာသည်လည်း လူတို့မလုပ်ပဲလည်း သူ့အလိုလိုပြောင်းလဲနိုင်သည်မဟုတ်လား???။

ထိုအရာအား အချစ်ကြီးသူတို့အား ဆိုစေကာမှု
နောင်တရဖို့ မမျှော်လင့်စေချင်သည်......။
အကောင်း၊ အဆိုး ဒွန်တွဲနေသည့် လောကကြီး၌
အချစ်ဆိုသည့်အရာဟာလည်း အကောင်း၊အဆိုး
ဟူသည်ဖြင့် ဒွန်တွဲနေသည်လေ....။

ငယ်ရွယ်သူအဖို့ နာကျင်ပေမဲ့လည်း ငယ်ရွယ်စဉ်က
ချစ်ရသူအား ပိုင်ဆိုင်နေပေမဲ့ ထိုအခြင်းအရာက သူ့အား လုံလောက်ပြီဟုတွေးတောနေသည့် ဂျောင်ဂုအား ရှေ့ဆက်မည့်အကြောင်းအရာတွေကို သူမသိသေးပေ??။

-------------------------------------------

ထယ်ယောင်းနဲ့ဂျောင်ဂု ဈေးဝယ်ပြီးပြန်လာကြတော့
အစ်ကိုတွေလည်းရောက်နှင့်နေပြီ၊ အလုပ်သမား
တွေကလည်း အသီးသီးအလုပ်လုပ်နေကြသည်။

"ကိုကို...."

"ဗျာ...."

"ဒီနေ့ပျော်လားဟင်?? "

"အင်းး....ပျော်တယ်..."

ထယ်ယောင်း မုသားဆိုလေသည်။ အင်း....ယောင်းဝူ
ကိုလည်းကြည့်ကာ ခပ်ရွဲ့ရွဲ့ပြုံးပြနေလေသည်။

ထယ်ယောင်းကထိုသို့ဆိုပေမဲ့ ညနေက သူတို့ချစ်
ကြည်နူးနေပုံကိုကြည့်နေသည့် ယောင်းဝူမှာလည်း
ထိုသို့ပင်ဖြစ်သည်။

ကံကြမ္မာဆိုတဲ့အရာအား ကျွန်တော်မယုံပေမဲ့
ကျွန်တော်၏ လွတ်နေတဲ့နှလုံးအစုံကြား ချစ်ရတဲ့
လူသားလေးကို လမ်းမှားပြီးရောက်လာစေချင်ပါ
သည်။ ကျေးဇူးပြု၍ ကျွန်တော့်ထံ ထိုလူသား
အား ပို့ဆောင်ပေးပါဗျ။ တစ်ခါလောက်ပေါ့ဗျာ...။

"ဟင်း....စိတ်ရှုပ်စရာ..."

"ဟက်....ဘာတွေကို စိတ်ရှုပ်နေတာလဲ။ "

Poison ( Completed )Where stories live. Discover now