ALWAYS { Part-1 }

7.8K 348 6
                                    

Unicode

ဂျင်းဘောင်းဘီအမည်း၊ ရှပ်အကျီအဖြူဝတ်ထားသော ကောင်လေးတစ်ယောက်သည်ကျောပိုးအိတ်လေးလွယ်ကာ လမ်းမပေါ်၌ အရေးတကြီး ပြေးလွှားနေသည်။

အညိုရောင်မျက်ဝန်းဝိုင်းဝိုင်းလေးများကလည်းအလျင်လိုမှု​ကြောင် တဖျတ်ဖျတ်လက်နေ၏။

ထိုကောင်လေးဦးတည်နေသောနေရာက
" Golden " ဟုအမည်ရသောပန်းဆိုင်လေးပင်။

" Hyung ကျွန်တော်ရောက်ပြီ "

" Jungkookie ရောက်ပြီလား? ရောက်ရင် Hyung ကိုလာကူပါဦး... ဒီမှာအော်ဒါမှာထားတဲ့ပန်းတွေလုပ်နေရလို့ "

" ဟုတ် Hyung "

ဆိုင်အနောက်ဘက်ကနားနေခန်းမှာ လွယ်အိတ်သွားထားကာ Jin Hyung ကိုသွားကူညီရသည်။ ဆိုင်ပိုင်ရှင် Jin Hyung က သဘောကောင်းသလို Jungkook ကိုလဲ ညီအရင်းတစ်ယောက်ကဲ့သို့ချစ်ပြီး အစစအရာရာ ဂရုစိုက်ပေးသည်။

" Jungkookie ကျောင်းမှာ
အဆင်ပြေရဲ့လား? "

"အကုန်အဆင်ပြေပါတယ် Hyung ရဲ့ ။
နည်းနည်းတော့ ပင်ပန်းတာပေါ့ "

"တစ်ခုခုဆို Hyung ကိုပြောပြနော်။ ဒီက Hyung က အကုန်နားထောင်ပေးမယ်။ မြိုသိပ်မထားနဲ့ ကြားလား? "

"ဟုတ်ကဲ့ပါ Hyung ရဲ့။ ကျွန်တော်
အကုန်ပြောပြမယ် ဟုတ်ပြီလား။ ဟီး "

" ဟုတ်ပါပြီ "

ဒီကောင်လေးက Kim Seok Jin ဆိုတဲ့သူ့အတွက်တော့ ညီအရင်းတစ်ယောက်လိုပင်။ အရွယ်နဲ့မလိုက်အောင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသည်မို့ အကုန်လုံးကိုမြိုသိပ်မထားစေချင်ဘူး။ အခုတောင်မှ ဘာမှမဖြစ်သလိုဟန်ဆောင်ကာ ရယ်နေသေးတယ်။

ဒီကောင်လေးကို တကယ်ချစ်ပေး ၊
ကာကွယ်ပေးပြီး သူ့ဘက်ကအမြဲတမ်းရပ်တည်ပေးမယ့် သူတစ်ယောက်ရှိစေချင်ပြီလေ။

---------------------

" ကျစ် ဘာဖြစ်ပြန်ပြီလဲကွာ "

Taehyung တစ်ယောက် ဒေါသတကြီး
ကားစတီယာတိုင်ကိုစောင့်ချမိသည်။ သူအရေးကြီးတဲ့ အစည်းဝေးရှိပါတယ်ဆိုမှ ကားကဘာဖြစ်သွားလဲမသိဘူး။

" Jimin ငါ့ကားဘာဖြစ်သွားလဲ မသိဘူး။
အဲ့ဒါ မင်းလာယူလိုက်တော့ အစည်းအဝေးရှိလို့ ငါတက္ကစီငှားပြီးသွားတော့မယ် "

ALWAYS { COMPLETED }Where stories live. Discover now