ALWAYS { Part- 10 }

1.9K 190 2
                                    


Unicode

" Jungkook ရေ ရောက်ပြီလား? "

" ဟုတ် အစ်မ "

" သူဌေးက အရေးတကြီး ကြေညာစရာရှိတယ်တဲ့ "

" ဟင် ဟုတ်လား? "

" အေး လာလိုက်ခဲ့ "

အခုမှ ရုံးရောက်ရုံရှိသေးတယ် Tae Tae က ကြေညာစရာရှိတယ်ဆိုပဲ။
ဘာဖြစ်လို့ပါလိမ့်။ သူလဲ အစ်မယွန်းအာ
ခေါ်ရာနောက်လိုက်သွားတော့ ရုံးကအခြားသူတွေလဲ ရောက်နေတယ်။

Jungkook ရောက်လို့မှ သိပ်မကြာသေး
Tae Tae ရောက်လာသည်။ Tae Tae က ဘယ်အချိန်ကြည့်ကြည့် ချောမောခန့်ညားနေတာပဲ။

ပြီးတော့ Tae Tae က သူ့ကိုတွေ့လို့ထင်သည်။ ပြုံးပြလာတယ်။

" အခု ကျွန်တော် အားလုံးကိုခေါ်လိုက်ရတဲ့အကြောင်းအရင်းက အသိပေးစရာလေးရှိလို့ပါ...Kookie ကိုယ့်နားလာခဲ့ "

" ဟင် "

Tae Tae ကအဲ့လိုပြောလိုက်ရော ရုံးကလူတွေအကုန်လုံးရဲ့အကြည့်တွေက Jungkook ဆီရောက်လာတယ်။ သူလဲရှက်လာတာမို့ လက်နှစ်ဖက်ကိုရဲနေအောင်အထိ ပွတ်နေမိသည်။ ဘာလို့ Tae Tae က သူ့ကိုခေါ်တာလဲ။

" Kookie "

" ဗျာ..ဟုတ် "

သူ Tae Tae နားသွားလိုက်တော့ Tae Tae က သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

" ဒီကလေးကတော့ လက်တွေကိုပွတ်နေပြန်ပြီ.. ဒီမှာနီရဲကုန်ပြီ "

သူ့လက်တွေကိုတင်းတင်းဆုပ်ကိုင်ထားရင်းမှ နှစ်ကိုယ်ကြား ကြားရုံပြောလာသည်။

" အခုပြောမှာကတော့ ကျွန်တော်
Kim Tae Hyung နဲ့ Jeon Jung Kook က ချစ်သူတွေဆိုတဲ့အကြောင်း တရားဝင်အသိပေးကြေညာတာပါ "

" ဟင် "

" ဘယ်လို သူဌေးနဲ့ Jungkook က "

" ဟယ် ဘယ်လိုဖြစ်ကုန်တာလဲ? "

" သွားပါပြီဟာ သူဌေးလဲပါသွားပြီ "

" ဟက် Jeon Jung Kook က ဘာများကောင်းနေလို့လဲ? "

" အားး ငါထင်သားပဲ သူဌေးနဲ့ Jungkook နဲ့က လုံးဝ အတွဲညီတယ် "

Tae Tae ကြေညာမှာက ဒီအကြောင်းဆိုတာလဲသိရော Jungkook လက်တွေတုန်လာသည်။ သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံကြောင့်သာ သူဘာမှမဖြစ်တာ။

ALWAYS { COMPLETED }Where stories live. Discover now