ALWAYS { Part-7 }

2.2K 209 7
                                    

Unicode

" ကိုယ်မင်းကိုချစ်တယ် "

" ဗျာ "

ရုတ်တရတ် Taehyung Hyung ပြောလိုက်တဲ့စကားကြောင့် သူ့မျက်နှာကို ရေနွေးပူနဲ့ အပက်ခံလိုက်ရသလိုပင်။ မျက်နှာတစ်ခုလုံး ပူတက်လာတာ။

ဘာရယ်မဟုတ် လက်နှစ်ဖက်ကိုရဲနေအောင်ပွတ်နေမိသည်ကို Hyung ကတွေ့တော့ သူ့လက်တွေကိုဆုပ်ကိုင်လာသည်။

" Kookieရယ် ကိုယ့်ကိုရှောင်​​ပြေးမနေပါနဲ့လားကွာ "

အခုလိုပုံစံနဲ့ နေရခက်လာတာ​ကြောင့် ရုန်းထွက်ဖို့ကြံမိပေမယ့် Hyungက သူ့ခါးကိုတင်းတင်းဖက်ကာ ပြောလာသည်ကြောင့် သူပြန်ငြိမ်နေလိုက်မိသည်။

" Kookieက ကိုယ့်ကိုမချစ်ဘူးလား? "

" ဟိုလေ ကျွန်တော် Hyungကို သံယောဇဥ်ရှိတာမှန်ပါတယ် ဒါပေမယ့် Hyungကို ချစ်လားဆိုတာတော့မသေချာသေးဘူး "

" ရတယ် ကိုယ်စောင့်နိုင်တယ် "

Hyung က မတ်တပ်ထရပ်ကာ သူ့ကိုဆွဲဖက်လိုက်သည်ကြောင့် သူလဲ Hyungရဲ့ရင်ခွင်ထဲ အလိုက်သင့်လေးနေပေးလိုက်သည်။ အမှန်တိုင်းပြောရရင် သူHyungရဲ့ရင်ခွင်ထဲမှာနေရတာကို သဘောကျတယ်။ လုံခြုံ​​နွေးထွေးသလိုပဲ။

Taehyung သူ့ရဲ့ ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေပေးတဲ့ Kookieကြောင့် ကျေနပ်မိသည်။ သူ့ကို ခါးခါးသီးသီးမငြင်းပစ်တာကိုပဲ ကျေးဇူးတင်ရမည်။

Kookieကို တင်းတင်းလေးဖက်ရင်း ဆံပင်လေးတွေကိုလက်နဲ့ဖွကာ နမ်းရှိုက်မိတော့ သူအရမ်းကြိုက်တဲ့ စတော်ဘယ်ရီရနံ့လေး ။

" သေချာလေး စဥ်းစားပြီးကိုယ့်ကိုအဖြေပြန်ပေးပါ Kookie "

----------------------

Jungkook အိမ်ပြန်ရောက်သည်နှင့် ရေချိုးလိုက်ပြီး ရှပ်အကျီတစ်ထည်နဲ့ ဘောင်းဘီတိုလေးဝတ်ကာ အိပ်ယာပေါ်တက်နေလိုက်သည်။

ပြီးတော့ စဥ်းစားမိတာက Taehyung Hyung အကြောင်းပင်။ Hyung က သူ့ကိုတကယ်ချစ်တယ်ဆိုတာကို သူယုံသည်။

Hyung အနားရောက်ရင် သူအမြဲကြောက်တယ်လို့ခံစားနေရတာက ရင်ခုန်နေတာများလား။ သူလဲ Hyung ကိုချစ်နေမိပြီလား။

ALWAYS { COMPLETED }Where stories live. Discover now