ALWAYS { Part-16 }

1.7K 170 8
                                    

Unicode

" အား.. တော်သေးတယ် နောက်မကျသေးလို့ "

ညက Tae Tae နဲ့ဖုန်းပြောတာ တော်တော်လေးညဥ့်နက်သွားတာမို့ မနက်အိပ်ရာထနောက်ကျသွားသည်။ အဲ့ဒါကြောင့် ရုံးနောက်မကျအောင် အသည်းအသန်ပြေးလာရခြင်း။

" ဟင် ဘာတွေဖြစ်နေတာလဲ...? "

ဖြောင်း!

" အာ့.. "

" ဂန်မီရီ နင်အဲ့လိုလုပ်စရာမလိုဘူးလေ Jungkook ကတရားခံလို့ နင့်ကိုဘယ်သူပြောလဲ? "

" အဲ့ဒါဆို HN Group က ထုတ်မယ်လို့ကြေညာလိုက်တဲ့ ဒီဇိုင်းက ဘာလို့သူဆွဲထားတဲ့ ဒီဇိုင်းဖြစ်နေရတာလဲ? "

ရုံးစစရောက်ချင်း ဘလိုင်းကြီးအရိုက်ခံလိုက်ရသလို ဘာဖြစ်နေသလဲဆိုတာ သူဘာမှမသိရသေး။ အဲ့ဒါကြောင့် သူ့ဘေးနားမှာရှိနေတဲ့ အစ်မယွန်းအာကိုသာ မေးရတော့သည်။

" အစ်မ ဘာတွေဖြစ်နေတာလဲ? "

" လာ လိုက်ခဲ့ ငါပြောပြမယ် "

ရုံးက လူတွေက သူ့ကိုမသက်ာတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတာမလို့ သူလဲဒီနေရာမှာဆက်နေချင်စိတ်မရှိချေ။ အဲ့ဒါကြောင့် အစ်မယွန်းအာ ဆွဲခေါ်ရာနောက်ကိုသာ လိုက်သွားရသည်။

" ဒီတစ်ခေါက်ငါတို့ထုတ်ဖို့လုပ်ထားတဲ့ ဒီဇိုင်းနဲ့ ဒီနေ့ HN Group ကထုတ်မယ်လို့ကြေညာလိုက်တဲ့ ဒီဇိုင်းနဲ့ အတူတူပဲ ပြီးတော့ နင်ဆွဲထားတဲ့ဒီဇိုင်းနဲ့ လည်း တစ်ပုံစံတည်းပဲ "

" ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ? "

" အင်းလေ အဲ့ဒါပြောတာ နင်မလုပ်ဘူးဆိုတာ ငါယုံပါတယ် ဒါပေမယ့် မနေ့က နေ့လည်စာစားချိန်တုန်းက နင် File တစ်ခုကိုကိုင်ပြီး ရုံးရှေ့ကိုထွက်သွားတာကို တွေ့တဲ့သူကတွေ့လိုက်တယ်တဲ့ ပြီးတော့ CCTV မှာလည်း အဲ့အတိုင်းပဲပြနေတယ် "

ဟင်..အဲ့ဒါဆို အစ်မမီရီက သူ့ကိုချောက်ချတာပေါ့။ မနေ့က သူဆွဲပြီးသားဒီဇိုင်းတွေကို စားပွဲက အံဆွဲထဲမှာ​ သေသေချာချာထားခဲ့တာ။ အစ်မမီရီ ယူပြီးတော့များ ခိုးပေးခဲ့တာလား။

" အဲ့ဒီ File က အစ်မမီရီ အကူအညီတောင်းလို့ ကျွန်တော်သွားပေး ပေးရတာ "

ALWAYS { COMPLETED }Where stories live. Discover now