ALWAYS { Part-8 }

2.1K 206 9
                                    


Unicode

မနက်နေရောင်ခြည်သန်းလာသည်နှင့်အတူ ငှက်ကလေးများရဲ့ ကျီကျီကျာကျာ အော်မြည်သံတို့ကြောင့် Jungkook
တစ်ယောက် နိုးလာသည်။

သူနိုးလာတဲ့အချိန် သန်မာတဲ့လက်တစ်စုံရဲ့ တင်းတင်းကျပ်ကျပ် အဖက်ခံထားရတာကြောင့် မော့ကြည့်မိတော့ Taehyung Hyung ရဲ့မျက်နှာက ပေါ်လွင်လာသည်။

သေချာမကြည့်မိရင်တောင်မှ Hyungကချောလွန်းသည်မို့ အခုလို သေချာကြည့်မိတော့ နတ်သားတစ်ပါးလိုပင်။

မကျဥ်းမကျယ်နဖူး၊ မျက်ခုံးတန်းထူထူ၊ ဖြောင့်စင်းနေတဲ့နှာတံ၊ အဲ့နှာခေါင်းထိပ်ကမှဲ့လေး၊ မျက်လုံးမှိတ်ထားလို့ Hyung ရဲ့စူးရှတဲ့ အကြည့်တွေကိုမမြင်ရပေမယ့် ကွေးညွှတ်နေတဲ့ မျက်တောင်တွေ ပြီးတော့ လေးထောင့်ဆန်ဆန်နှုတ်ခမ်းတစ်စုံ။

Hyung ကအရမ်းချောတယ်။ အဲ့ဒါကြောင့် Hyung ဘေးနားမှာ ပျိုမဒီတွေဝိုင်းဝိုင်းလည်နေမှာ အသေအချာပင်။ မနာလိုစရာကောင်းလိုက်တာ ဟွန့်..။

အခုတော့ သူထပြီး Hyungနဲ့ သူစားဖို့မနက်စာပြင်ရဦးမယ်။ အဲ့ဒါကြောင့် Hyung မနိုးအောင် သေချာထကာ Hyung လက်ထဲခေါင်းအုံးလေး ထည့်ပေးခဲ့လိုက်ရင်း
စောင်ပါတစ်ခါတည်းပြန်ခြုံပေးခဲ့လိုက်သည်။

နောက်တော့ သူရေချိုးပြီးသည်နှင့် မီးဖိုခန်းထဲဝင်ကာ စားစရာတွေပြင်ဆင်နေလိုက်သည်။သူအကုန်လုံးပြင်ဆင်ပြီးသည်အထိ Hyungက ထမလာသေးတာကြောင့် သွားနှိုးမှရတော့မည်။

" Hyungရေ ထတော့လေ "

" Hyung လို့ဆို... "

" အင်းးး Kookieကအစောကြီးနိုးနေတာလား? "

" Hyung ရေချိုးမှာမလား? ကျွန်တော်အဝတ်အစားထုတ်ပေးခဲ့မယ် ပြီးရင် မီးဖိုခန်းထဲလာခဲ့နော် အမလေး..!! "

အဝတ်အစားထုတ်နေတဲ့ သူ့လက်ကနေဆွဲချကာအနောက်ကနေ ဖက်လိုက်တာကြောင့်
လန့်သွားရသည်။

" Hyungg "

" ကိုယ်လေ မနက်တိုင်းဒီလိုနိုးထချင်တယ် သိလား? Kookie က ကိုယ့်ရဲ့အိမ်ရှင်မလေး "

" Hyungg ကျွန်တော်က ယောက်ျားလေး နော် "

" ဒါဆို အိမ်ရှင်ထီးလေးပေါ့ "

ALWAYS { COMPLETED }Where stories live. Discover now