ALWAYS { Part-4 }

2.1K 209 6
                                    


Unicode

ထိုနေ့က အမွေကိစ္စဖြစ်ပြီးတော့ ဒေါ်လေးက ဖုန်းထပ်ဆက်တယ်။ အသက်နှစ်ဆယ်ပြည့်မှ အဲ့ကိစ္စထပ်ပြောမယ်တဲ့။ ဟုတ်ပါပြီ သူတို့စိတ်ကြိုက်၊ သူတို့သဘောပေါ့။

ဘာပဲ​ဖြစ်ဖြစ် ဒီနေ့ Jungkook စာမေးပွဲပြီးပြီဖြစ်တာမို့ ပျော်နေမိသည်။ စာမေးပွဲပြီးလို့
မပျော်တဲ့ကျောင်းသားရယ်လို့မရှိဘူးလေ။ ပြီးတော့ သူကကျောင်းပြီးပြီမို့ ပိုတောင်ပျော်မိသေးတယ်။ သူလုပ်ချင်တာတွေ လုပ်ရတော့မယ်။

" Jin Hyung ကျွန်တော်ရောက်ပြီ "

" Jungkookie ဖြေနိုင်လား? "

" ဟုတ် Hyung ဒီနေ့စာမေးပွဲပြီးပြီမို့ ကျွန်တော်ဆိုင်မှာ ညအထိနေမှာနော် "

" ဟုတ်ပါပြီ ဒါနဲ့ Jungkookie အဒေါ်တို့ရော လာသေးလား? "

" မလာတော့ပါဘူး Hyung ရဲ့ "

" နောက်တစ်ခါ Jungkookie ကိုအဲ့လိုမျိုး ထပ်လုပ်ရင် Hyung ကိုသာလာပြော "

" ဟုတ်ကဲ့ပါ Hyung ရဲ့ ဟီးး "

" ရယ်မနေနဲ့ အဲ့နေ့ကဆို Jungkookie ဘာမှသေချာမစားနိုင်ဘူးလေ ပါးတစ်ခုလုံး ယောင်ကိုင်းနေတာပဲ "

" အခုတော့ ပျောက်သွားပါပြီ Hyung ရဲ့ "

" ဟုတ်ပါပြီ အဲ့ဒါဆို လွယ်အိတ်
သွားထားဦး။ ပြီးရင် တစ်ခါတည်း နှင်းဆီပန်းတွေယူခဲ့ "

" ဟုတ် "

Jin Hyung နဲ့စကားပြောပြီးတော့ Jungkook လဲ အနောက်ခန်းမှာလွယ်အိတ်သွားထားရင်း နှင်းဆီပန်းတွေယူလာခဲ့လိုက်တယ်။

သူအပြင်ရောက်တော့ Jin Hyung က
ဧည့်သည်တစ်ယောက်နဲ့စကားပြောနေသည်မို့ သူလဲ ယူလာတဲ့ပန်းတွေနဲ့ ပန်းစည်းလေးလုပ်နေလိုက်တယ်။

" Jungkookie ရေ Hyung ဆီ ခဏလာပါဦး "

" ဟုတ် လာပြီ Hyung "

" ဒီမှာ Jungkookie ကို မိတ်ဆက်ပေးမလို့...
Jiminတဲ့ Jungkookie ထက်တော့ ၆နှစ်လောက်ကြီးတယ် "

" ဟုတ် Jeon Jung Kook ပါ "

" Park Jimin ပါ "

Jin Hyung မိတ်ဆက်ပေးတဲ့လူကိုကြည့်လိုက်တော့ Jungkook ကို ရယ်ပြနေတာ မျက်လုံးတွေမှိတ်သည်အထိပဲ။ အဲ့ဒါကြောင့်မို့ သူလဲပြန်ရယ်ပြလိုက်တယ်။

ALWAYS { COMPLETED }Where stories live. Discover now