ALWAYS { Part - 12 }

1.8K 185 4
                                    

Unicode

Jungkook တစ်ယောက် မနေ့ညက တစ်ရေးမှအိပ်မရခဲ့သည်မို့ ဒီနေ့ရုံးလာသောအခါ ရုံးနောက်ကျနေသည့်အပြင် မျက်လုံးများမှာလည်း ပန်ဒါကဲ့သို့ ​ဖြစ်နေကာ နှုတ်ခမ်းတွေလည်း ဖြူဖျော့နေတော့သည်။

" ဟယ် Jungkook နင်ဘယ်လိုဖြစ်လာတာလဲ? "

ထိုင်ခုံမှာထိုင်လိုက်ရုံရှိသေး အစ်မယွန်းအာက စိုးရိမ်တကြီးမေးလာသည်မို့ Jungkook မော့ကြည့်မိသည်။

" မနေ့ညက အိပ်မပျော်လို့ပါ အစ်မရာ "

" နင်ကလည်း အလုပ်ချည်းပဲ ဖိလုပ်မနေနဲ့လေ "

အစ်မယွန်းအာပြောတာကို သူပြုံးရုံပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ အမှန်တော့ သူအလုပ်လုပ်နေတာမှမဟုတ်ပဲ။ မနေ့ညက ရှေ့နေဦးလေးပြောတဲ့စကားတွေကို သူစဥ်းစားနေမိသောကြောင့်ပင်။

" သူဌေးက နင့်ရဲ့ဒီပုံစံကိုတွေ့ရင် စိတ်ပူနေဦးမယ် "

" အဲ့ဒါတော့ဟုတ်တယ် အစ်မရေ..ဒါနဲ့ Tae Tae ရုံးရောက်နေပြီလား? "

" ရောက်နေပြီလေ နင်မလာခင်တုန်းကတောင် အခန်းရှေ့လာသွားသေးတယ်...နင့်ကိုလာကြည့်တာထင်တယ် "

" ဟုတ်လား..အဲ့ဒါဆိုကျွန်တော် Tae Tae ဆီ ခဏသွားလိုက်ဦးမယ် "

" အေးအေး ဂရုစိုက်ဦး "

အစ်မယွန်းအာကိုခေါင်းငြိမ့်ပြကာ ရုံးခန်းဆီထွက်လာခဲ့လိုက်သည်။ လမ်းသာလျှောက်လာရတာ... လူကအိပ်ရေးမဝသည်မို့ ခေါင်းမူးလာသလိုပင်။ နားထင်အား လက်ဖြင့် ဖိနှိပ်ရင်း ဆက်လျှောက်လာခဲ့သည်။

" အစ်ကိုယူ Tae Tae ရှိတယ်မလားဟင် "

Jungkook မေးတော့ အတွင်းရေးမှူးယူက အလုပ်လုပ်နေရာမှ မော့ကြည့်လာသည်။

" အော် သူဌေးအခန်းထဲမှာရှိတယ်..ဝင်သွားလိုက်လေ အစ်ကိုကအိမ်မှာ ဖိုင်တွဲကျန်ခဲ့တာ အဖေလာပို့လို့ ကုမ္ပဏီရှေ့သွားယူလိုက်ဦးမယ်...ဟီး "

သူ့ကိုဟီးခနဲရယ်ကာ လည်ပင်းပွတ်ရင်း ပြောလာသည်ကြောင့် တင်ပြစရာဖိုင်တွေကျန်ခဲ့လို့ Tae Tae ဆူထားတာများလား။

" ဒါနဲ့ Jungkook အဆင်ပြေရဲ့လား? Jungkook ပုံစံကအားနည်းနေသလိုပဲ "

" အာ..ဟုတ် အဆင်ပြေပါတယ် "

ALWAYS { COMPLETED }Where stories live. Discover now