ALWAYS { Part-5 }

2.2K 215 16
                                    


Unicode

Jungkook ဒီနေ့ K & J Jewellery ကိုသွားရမည်မို့စိတ်လှုပ်ရှားနေမိသည်။
Jimin Hyung က ဖုန်းဆက်ပြီး မနက်ဖြန် လာလို့ရပြီလို့ပြောတော့ အရမ်းပျော်ခဲ့တာ။

ပြီးတော့ Jin Hyung ကလည်း  " ပထမဆုံးအလုပ်ဝင်ရမှာ " ဆိုပြီး အကျီအသစ်ဝယ်ပေးထားသည်။ အဘိုးပြီးရင် Hyung က သူ့ကို
ဂရုအစိုက်ဆုံးပဲ ။

အခုလဲ Jin Hyung ဝယ်ပေးထားတဲ့အကျီလေးကိုဝတ်ရင်း တင်ပြဖို့အတွက် သူဆွဲထားတဲ့ ဒီဇိုင်းတွေကိုပြန်စစ်ပြီးတာနဲ့ ကုမ္ပဏီကိုသွားရမည်။

" အားး မြန်မြန်သွားမှပဲ.. ပထမဆုံးအလုပ်ဝင်တဲ့ရက်မှာ နောက်ကျလို့မဖြစ်ဘူး "

စားပွဲပေါ်က ဖိုင်တွဲလေးကိုယူပြီး သူအိမ်အပြင်ထွက်ခဲ့လိုက်သည်။ အပြင်ရောက်တာနဲ့ တက္ကစီ ငှားလိုက်သည်။

" K & J Jewellery ကို လိုက်ပို့ပေးပါ ဦးလေး "

ပုံမှန်ဆိုရင် သူဘတ်စ်နဲ့ပဲသွားမှာဆိုပေမယ့် ပထမဆုံးရက်မို့ စောစောရောက်ချင်သည့်အတွက် တက္ကစီနဲ့ သွားလိုက်တာ။

ဟူးး တတ်နိုင်သလောက် စိတ်မလှုပ်ရှားအောင် နေရမည်။ မဟုတ်ရင် အကုန်မှားကုန်မှာ။

" ကောင်လေး ရောက်ပြီ "

" ဟုတ် ကျေးဇူးပါနော် ဦးလေး "

သူဆွဲထားတဲ့ ဒီဇိုင်းတွေကိုကြည့်နေတုန်း တက္ကစီသမားဦးလေးက ရောက်ပြီဆိုတာကြောင့် သူဆင်းလာခဲ့လိုက်သည်။

" ဝါးး ကုမ္မဏီက အကြီးကြီးပဲ "

ကုမ္ပဏီကိုမော့ကြည့်လိုက်တော့ တကယ်အကြီးကြီး။ ပြီးတော့ K & J Jewellery ဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးလဲချိတ်ထားတယ်။

" ဖိုက်တင်း ဂျွန်ဂျောင်ဂု "

ကိုယ့်ကိုကိုယ် အားပေးရင်းကုမ္ပဏီထဲ ဝင်လာခဲ့လိုက်သည်။

" ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ ရှင် "

" ဟို ဒီက သူဌေးနဲ့တွေ့ချင်လို့ပါ "

" ချိန်းထားလားရှင့် နာမည်လေးတစ်ချက်လောက် "

" ဟုတ် ချိန်းထားပါတယ် Jeon Jung Kook ပါ "

ALWAYS { COMPLETED }Where stories live. Discover now