ALWAYS { Part-9 }

2K 183 4
                                    


Unicode

" Kookie ပြီးပြီလား? "

" ဟုတ် ပြီးပြီ !! "

ဒီနေ့ သူတို့နှစ်ယောက်ရဲ့ First Date ကို ပင်လယ်သွားကြမှာမို့ ပြင်ဆင်နေတုန်း
Tae Tae ရဲ့ခေါ်သံကြောင့် အ​ပြေးအလွှားထွက်လာခဲ့လိုက်သည်။

အိမ်ရှေ့ရောက်တော့ Tae Tae က သူ့ကို
ရပ်စောင့်နေသည်။

" ဖြေးဖြေး ချော်လဲဦးမယ် "

" မလဲပါဘူး Tae Tae ရဲ့ "

Jungkook ပြေးလာတာကိုမြင်တော့ Tae Tae ကချော်လဲမှာစိုးရိမ်နေသည်မို့ ဘာမှမဖြစ်ကြောင်း​ပြောရသေးသည်။ Tae Tae က ပိုကိုပိုတယ်။

သူရောက်တာနဲ့ ကားပေါ်တက်ပြီး သိပ်မဝေးတဲ့ ကမ်းခြေဆီမောင်းထွက်လာခဲ့သည်။

" ကိုယ့်ရဲ့ Kookieလေးက ပျော်နေတာပေါ့ "

" ကျွန်တော်တို့ရဲ့ First Date လေ...ပျော်တာပေါ့ ဘာလဲ Tae Tae ကမပျော်လို့လား? "

ဆံပင်ပျော့ပျော့လေးတွေလှုပ်ရမ်းသွားသည်အထိ ခေါင်းခါပြီး လက်လေးပိုက်ကာ မေးလေးငေါ့ပြရင်း သူမေးတော့ Tae Tae က ရယ်တယ်။

ပြီးတော့ လက်တစ်ဖက်က ကားစတီယာတိုင်ကိုကိုင်ပြီး နောက်တစ်ဖက်နဲ့သူ့ခေါင်းလေးကို ပွတ်သပ်လာသည်။

" ကိုယ်က Kookieထက်ကို ပိုပျော်ပါတယ်ကွာ... မင်းလေးနဲ့ ဒီလိုမျိုးလေးနေသွားချင်တာ တစ်သက်လုံးပဲ "

" အင်း ကျွန်တော်ရောပဲ ဒါနဲ့ Tae Tae ကလဲ Tannie ကိုခေါ်ခဲ့ပါဆို "

" ဟာ မခေါ်ချင်ပါဘူး ရှုပ်တယ် ပြီးတော့ မင်းလေးက ကိုယ့်ကိုဂရုစိုက်တော့မှာမဟုတ်ဘူး "

" အဲ့ဒါနဲ့ပဲ Jimin Hyung ဆီ ပို့ခဲ့တယ်ပေါ့ "

" ဒါပေါ့ "

မျက်ခုံးတစ်ဖက်ကိုပင့်ကာ ပြောလာသည်
ကြောင့် သူရယ်ပြီး ခေါင်းသာရမ်းမိသည်။
Tae Tae ကလေ အဲ့အတိုင်းပဲ လူကိုပတ်ပြီးသဝန်တိုတာအားမရလို့ Tannie နဲ့ပါသဝန်တိုတယ်။ ဘာပဲဖြစ်ဖြစ် Tae Tae ကသူ့ကို အရမ်းချစ်တယ် ဆိုတာ သိသည်လေ။

-----------------------------

သူတို့နှစ်ယောက်ရောက်တဲ့အချိန်က နေအရမ်းမပူသေးသည့်အတွက် တော်သေးသည်။ မနက်ဖြန် ရုံးပြန်တက်ရမည်မို့
ညမအိပ်တော့ပဲ ဘန်ဂလိုလေးတစ်လုံးသာ ငှားထားလိုက်သည်။

ALWAYS { COMPLETED }Where stories live. Discover now