ALWAYS { Part-6 }

2.1K 216 14
                                    

Unicode

" Jungkook ရေ ဒီတစ်ပတ်အစည်းအဝေး ငါတို့အဖွဲ့ရနိုင်ပါ့မလား? "

" ဘာလို့မရနိုင်ရမှာလဲ အစ်မရဲ့ "

" အဖွဲ့တစ်က ဒီဇိုင်းတွေက ငါတို့ထက်အမြဲသာနေတာလေ "

" အဲ့တာနဲ့ပဲ မရတော့ဘူးလား အစ်မရဲ့။ပြီးတော့ Taehyung Hyung ဆုံးဖြတ်မှာလေ "

" အေး ဒါနဲ့လေ သူဌေးက နင့်ကိုအမြဲ
တကြည့်ကြည့်နဲ့သိလား? ငါတွေ့တယ် "

" အစ်မရေ တော်ပြီ ဇာတ်လမ်းကရှည်လာတော့မယ် "

" နင်ကလဲ ငါကမြင်တာကို ပြောတာ။ နင်တို့နှစ်ယောက်က လိုက်ပါတယ်ဟ။ ငါထိပ်ဆုံးက support ပေးမယ် ဟီး "

အစ်မယွန်းအာပြောတာကို သူရယ်ရင်း ခေါင်းယမ်းပြမိသည်။ ဘယ်လိုတွေတောင် ထင်နေတာပါလိမ့်။

Jungkook အလုပ်ဝင်တာတစ်လပြည့်ပြီဆိုတော့ အဖွဲ့ဝင်တွေအကုန်လုံးနဲ့ တော်တော်ရင်းနှီးနေပြီ။ ပြီးတော့ အဖွဲ့မှူးကသဘောကောင်းသလို အရမ်းလဲခင်ဖို့ကောင်းတယ်။ အမှန်တော့ ဒီအဖွဲ့လေးက
အရမ်းနွေးထွေးတယ်။

နောက်ပြီး Taehyung Hyung ကလည်း သူ့အပေါ်အရမ်းကောင်းတယ်။ ​​​Hyung အပေါ် သူသံယောဇဥ်ရှိတယ်ဆိုတာတော့အမှန်ပဲ။ ဒါပေမဲ့ Hyung ရဲ့အကြည့်စူးစူးတွေကိုတော့ ခံနိုင်ရည်မရှိသေးဘူး။

အာ...အတွေးကမ္ဘာထဲရောက်နေတုန်း အခုမှ
နာရီကြည့်မိသည်။ အစည်းအဝေးတောင်သွားရတော့မှာပဲ။ နောက်ကျရင် ဒုက္ခ။

---------------------

Taehyung အစည်းအဝေးခန်းထဲရောက်တော့ တင်ပြစရာရှိတဲ့ ဒီဇိုင်းတွေကိုကြည့်နေတဲ့ ကောင်လေးဆီအရင်အကြည့်ရောက်မိသည်။

အကုန်လုံးက သူရောက်လာလို့မတ်တပ်ရပ်နှုတ်ဆက်ကြပေမယ့် Kookie ကတော့ ဘေးပတ်ဝန်းကျင်ကိုသတိထားမိပုံမပေါ်။

ကျွန်တော့်ရဲ့ Kookie က အဲ့လိုပဲ။ တစ်ခုခုကိုအာရုံစိုက်ပြီဆိုရင် ဘာကိုမှမသိတော့သည်အထိ လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားတတ်သည်။

Kookie ရဲ့ဘေးက အဖွဲ့မှူးက လက်တို့လိုက်မှသာအခြားသူများလို မတ်တပ်ထရပ်လေသည်။သူလဲ  အားလုံးကိုထိုင်ဖို့ပြောရင်း အစည်းအဝေးစလိုက်တော့သည်။

ALWAYS { COMPLETED }Where stories live. Discover now