ALWAYS { Part-11 }

1.8K 184 3
                                    

Unicode

" အတွင်းရေးမှူးယူ.. "

" ဟုတ် လာပြီခင်ဗျ "

" ငါ ​စောင့်ကြည့်ရေးအခန်းသွားမလို့ မင်းပါလိုက်ခဲ့ "

" ဟုတ်ကဲ့ "

မနေ့ကကိစ္စ သူအကြောင်းစုံသိချင်တာ​ကြောင့် စောင့်ကြည့်ရေးအခန်းကိုသွားကြည့်မှရမည်။ Kookie ကိုမေးလျှင်လည်း ဒီကောင်လေးကပြောပြမည် မဟုတ်တာကို သူသိသောကြောင့်ပင်။

" Woobin.. "

" သူဌေး ဘာကိစ္စရှိလို့ပါလဲ? "

" ငါ မနေ့ မနက်ပိုင်းလောက်က CCTV ကိုကြည့်ချင်လို့ "

" ဘယ်နားကလဲ သူဌေး "

" အဖွဲ့နှစ်အခန်းနားက "

" ဟုတ် ကျွန်တော်ပြန်ကြည့်ပေးပါ့မယ် "

Taehyung လည်း Woobin ဘေးနားက ထိုင်ခုံကိုယူဆွဲကာထိုင်လိုက်ပြီး Laptop Screen ကိုသာ စိုက်ကြည့်နေမိသည်။ ခဏကြာတော့ Woobin က သူ့ဘက်ကို Laptop လေးကို အသာလှည့်ပေးသည်။

သူကြည့်လိုက်မိတော့ Kookie ကကော်ဖီစက်ဆီ အပြေးလာပြီး ခွက်ထဲကော်ဖီထည့်နေသည်။ သိပ်မကြာလိုက်...သူထင်တဲ့အတိုင်းဖြစ်လာတာပဲ။ Kookie ကိုအပူလောင်အောင်လုပ်လိုက်တဲ့ မိန်းကလေးက အဖွဲ့တစ်ကဆိုတာသူသိသည်။

သို့ပေမယ့် မျက်မှန်းတန်းမိရုံလောက်။ နာမည်လည်းသူမသိ။ သူကြည့်နေရင်းမှ Kookie က လက်ကိုအုပ်ကိုင်ပြီးအပြေးထွက်သွားနေပုံတွေ၊ သေချာမမြင်ရပေမယ့် ညှိုးငယ်နေတဲ့မျက်နှာလေး။ အဲ့ဒီပုံလေးတွေကိုမြင်လိုက်ရတဲ့အချိန်မှာ စားပွဲပေါ်တင်ထားတဲ့ လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်နေမိသည်။

" အတွင်းရေးမှူးယူ! ! "

" ဟုတ်..ဟုတ်ကဲ့ သူဌေး "

" အဲ့ဒီမိန်းကလေးကို မင်းသိလား? "

" ဟုတ် သိပါတယ် အဖွဲ့တစ်က ဂန်မီရီ ပါ "

" အဲ့တစ်ယောက်ကိုစောင့်ကြည့်ထား..နောက်တစ်ခါထပ်ပြီး Kookie ကို ဒီလိုလုပ်ရင် ငါ့ဆီ
ချက်ချင်းအကြောင်းကြား "

" ဟုတ်ကဲ့ "

အတွင်းရေးမှူးယူလည်း သူဌေးဒီလောက်ဒေါသထွက်တာမမြင်ဖူးသည်ကြောင့် ကြောက်နေရသည်။ သူဌေး Kim Tae Hyung ဆိုတာ ဘယ်အရာမဆို အေးအေးဆေးဆေး ဖြေရှင်းတတ်သူလေ။

ALWAYS { COMPLETED }Where stories live. Discover now