1

3.2K 206 6
                                    

Unicode

ဟန်မြစ်​ပေါ်သို့ မိုး​ရေစက်များ လွင့်ခနဲ လွင့်ခနဲ နစ်မြှုပ်ကျ​ဆင်းနေသည်

​နွေရာသီဖြစ်​စေ မိုးရာသီဖြစ်​စေ ဘယ်​တော့မှ ထီး​​ဆောင်း​လေ့မရှိ​သော ကျွန်​တော့်ကို ခါတိုင်းလို တကျက်ကျက် ဆူပူမည့်သူမရှိ

စိုစွတ်စွတ် ခန္ဓါကိုယ်​ကြောင့် ဓါတ်​လှေကား မစီး​တော့ပဲ ၅ ထပ်အထိ ​​ခြေကျင်တက်လာလိုက်​သော်လည်း အထီးကျန်ခြင်းက ​မောပန်းခြင်းကို တစ်ဖက်သတ်အနိုင်ယူ​နေသည်

ချမ်းစိမ့်​နေတဲ့ ​လေ​အေး​ကြောင့် အိတ်ကပ်​​ထောင့်ထဲက အိမ်​သော့ကို ကပျာကသီထုတ်လိုက်သည် ဤသော့ကို  ဖွင့်မည့်သူသည် ယခုအခါ ကျွန်​တော်မှ တစ်ပါးအခြားသူမရှိ​တော့

သော့ခတ်ထား​သော အခန်းတံခါးငယ်​လေးကို ဖွင့်လိုက်သည်နှင့် နွေး​​ထွေး​ပျော်ရွှင်စွာ ကြိုဆိုမည့်သူမရှိ​သော တိုက်ခန်းငယ်​လေးက တိတ်ဆိတ်ငြိမ်သက်​နေသည်

​မှောင်ပိတ်​နေ​သော အခန်းငယ်ထဲကို စမ်းတဝါးဝါးဖြစ်မ​နေပဲ နံရံ​ထောင့်က မီးခလုတ်ကို ဆွဲချလိုက်သည်
လင်းလက်လာ​သော အခန်းငယ်​လေးထဲမှာ နံရံကပ်မှန်မှာ ​ရောင်ပြန်ဟပ်​နေ​သော စိုကပ်ကပ်ဆံပင်တို့နဲ့ အသက်မဲ့​နေ​သော မျက်ဝန်းတစ်စုံကို ရုတ်ချည်း​မြင်ရသည်

အိမ်ခန်းတစ်​လျှောက် ဘာရယ်မဟုတ် ဟိုသည်စူးစမ်းကြည့်မိသည် သူမြန်းပြန်​ရောက်​နေမလား ဆို​သော ခပ်ရူးရူး အ​တွေးတစ်ခုနှင့်..

တစ်ခုတည်း​​သော အိပ်ခန်းက တံခါးရွက်​စေ့ပိတ်လျက်ရှိသည်.. အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်​သည်နှင့် သူ့ကို နမ်းရှိုက်လိုက်တိုင်း ရ​လေ့ရှိတဲ့ သူ့ကိုယ်သင်းနံ့ ချိုချိုက နှာ​ခေါင်းထက်မှာ အ​ပြေးအလွား လာရစ်တွယ်သည်က လွမ်းဆွတ်နာကျင်စရာ

အိပ်ခန်းထဲမှာ တို့လို့တွဲ​လောင်း ချိတ်ဆွယ်ထား​သော ​အကျီ​တွေ ​ဘောင်းဘီ​တွေ ပုံကျ​နေသည် ​သောက်လက်စ အရက်ဖန်ခွက်​တွေ ​ဆေးလိပ်တို​တွေလည်း ကြမ်းပြင်​ပေါ်မှာ ပြန့်ကျဲ​နေသည်

𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )Donde viven las historias. Descúbrelo ahora