Final

1.6K 135 32
                                    

Unicode Ver

နက်မှောင်သော ကောင်းကင်ယံနဲ့ လင်းလက်သော ကြယ်ပွင့်

ထွန်းတောက်သော လရောင်ငယ်က မှန်ပြတင်းဆီမှ အခန်းထဲသို့ ဖြာကျလို့

တိတ်ဆိတ်သော ည
နွေးထွေးသော ည
လှပသော ည
ချစ်သူနဲ့ အတူရှိသော ည

နှစ်ခြိုက်ရပါသော စတော်ဘယ်ရီ ရှမ်ပူနံ့သင်းသင်းက နှာဖျားထိပ်မှာ ကျီစယ်နေကြသည် အကြောင်းအရင်းက ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးသာ

ခါးထက်ကို တင်းကျပ်စွာ ရစ်သွယ်ထားသော လက်ကလေးတစ်ဖက်ရဲ့ အနွေးဓာတ်

ရင်အုံမှာ နှစ်မြုပ်နေသော နှာတံစင်းလေးရဲ ဝင်သက်ထွက်သက်

စကားလုံးတို့နဲ့ ဖော်ပြလို့မရအောင် ပြည့်စုံလှပါသော ညတစ်ည

"အကို.. အိပ်ပြီလား?""

အသံတိုးတိုးက ခေါင်းလုံးလုံးလေးဆီကလာသည်

"ဟင့်အင်း မအိပ်သေးဘူး"

အဖြေကိုရတော့ ကလေးငယ်က ရင်ခွင်ထဲကနေ မျက်နှာလေး မော့ကာကြည့်လေတယ်

"ဟီးးး ကျွန်တော် တအားပျော်တာပဲ"

"ဘာလို့လဲ ပြောပါဦး"

"ကျွန်တော် အချစ်ရဆုံး အကိုနဲ့ ရှိနေတယ်လေ"

ကလေးငယ်က နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြပြီး လည်တိုင်ထက်ကို နှုတ်ခမ်းနုနုတို့နဲ့ မွကနဲ တစ်ချက် လှမ်းနမ်းတယ်
YeonJun မျက်လုံးလေးတွေ မှေးစင်းသွားသည်အထိ သဘောတကျ ရယ်မောလိုက်ရင်း SooBin နဖူးထက်မှာ ကပိုကရို ကျဆင်းနေတဲ့ ဆံနွယ်လေးတွေကို နားရွက်နောက်ဆီ ယုယုယယ သပ်တင်ပေးလိုက်တယ်

"အဲ့ဒါဆိုရင်တော့ ရှေ့လျှောက် ညတိုင်းပျော်နေရတော့မှာ"

"တကယ် ညတိုင်းလား?"

"ဒါပေါ့ နောက်ဆို ငြီးငွေ့ပါပြီဆိုပြီး တားတောင်ယူရမယ်"

နှုတ်ခမ်းပါးလေးက ထွက်ကျလာတဲ့ ရယ်သံစိတ်စိတ်လေးတွေက နားစည်ထဲမှာ ဆည်းလည်းသံလေးတွေအလား

"အကို့ စကားတည်ပါစေနော်"

"မတည်ရင်ရော?"

𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )Where stories live. Discover now