Unicode ver
TaeHyun အိမ်က ထွက်လာပြီးနောက် ဦးတည်ရာက Frost bar ဆီ
ခပ်မှိန်မှိန် မီးရောင်စုံအောက်မှာ ငြိမ့်ညောင်းညောင်းသီချင်းသံက ပျံ့လွင့်နေသည်
ယမကာ အနံ့ပြင်းပြင်းက လူကို ရစ်မူးသွားစေပေမယ့် တစ်ချိန်တည်းမှာပဲ စိတ်ငြိမ်ဖွယ်ရာWaiter တစ်ယောက်က ကျွန်တော့်ကိုတွေ့တော့ ပြုံးကာ နှုတ်ဆက်သည်
"သူဌေးကို ခေါ်ပေးမယ်နော်"
ကျွန်တော့်အဖြေကိုတောင် မစောင့်တော့ဘဲ Waiter လေးက အပေါ်ထပ်ကို ပြေးသွားသည်
ခဏကြာတော့Waiter လေးနဲ့အတူ ကောင်လေးတစ်ယောက်လိုက်ဆင်းလာသည်ကောင်လေးက ကျွန်တော့်ကိုတွေ့တော့ နှာခေါင်းရှုံ့ရင်း ကျွန်တော့်ဘေးခုံမှာ ဝင်ထိုင်တယ်
"နှုတ်ခမ်းမွေးလေး ဘာလေးရိတ်ဦး မနက်ဖြန် Soobinnie မင်္ဂလာဆောင်ကို.. ဒါ ဘာပုံစံလဲ?"
ကောင်လေးက Bartender ကို လက် ၂ ချောင်းထောင်ပြလိုက်သည်နှင့် အထာနားလည်နေပြီဖြစ်တဲ့ Bartender က ကျွန်တော်တို့ သောက်နေကျ အရက် နှစ်ခွက်ကို ချပေးသည်
"အဆင်ပြေရဲ့လား? မေးတာမေးရတာ ပြေမယ့်ပုံလည်း မပေါ်ပါဘူး"
သူက ကျွန်တော့်ပုခုံးတစ်ဖက်ကိုလှမ်းဖက်ပြီး နှစ်သိမ့်သည်
"စိတ်ဓါတ်မကျနဲ့ ဒီ Choi BeomGyu ရဲ့ မျက်နှာလှလှလေးကို ကြည့်ပြီး အားတင်းလိုက်"
ကျွန်တော် ရယ်မိတော့ BeomGyu က ပြုံးသည်
"ဘယ်လိုလဲ တော်တော်မှ နာကျင်နေရဲ့လား?"
"အင်း အရမ်းနာတယ် ငါတွေးထားတာထက် အများကြီး နာတာ"
အရက်ခါးခါးတစ်ငုံ လည်ချောင်းထဲကို ပူခနဲဝင်သွားခါမှ ရင်ဘတ်ထဲက နာကျင်မှုတွေက ပိုအောင့်လာသလို
"နှုတ်ခမ်းက ဒဏ်ရာကရော ဘာဖြစ်တာလဲ?"
"Huening လက်ချက်ပေါ့"
BeomGyu က တဟားဟားအော်ရယ်ကာ ကျွန်တော့်ပုခုံးကို လက်သီးနဲ့ ခပ်ဖွဖွထိုးသည်
![](https://img.wattpad.com/cover/269396728-288-k679954.jpg)
YOU ARE READING
𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )