12

878 119 2
                                    

Unicode Ver

*Vibrate*

တိတ်ဆိတ်​နေတဲ့ အခန်းငယ်​လေးမှာ တုန်ခါလာတဲ့ ဖုန်း​သံက ကျယ်ကျယ်​လောင်​လောင်

စားပွဲ​ပေါ်က မြည်လာတဲ့ဖုန်းကို လှမ်းယူလိုက်ရင်း အိပ်စက်​နေတဲ့ က​လေးငယ်ကို တစ်ချက်ကြည့်မိ​သည်

အရင်က အသံ​သေး​သေး​လေး​တွေ​ကြောင့်​တောင် နိုးတတ်တဲ့ အအိပ်ဆက်​သော က​လေးငယ်ဟာ​ ယခုအခါ​တော့ မလှုပ်မရှား ငြိမ်သက်လို့

YeonJun သက်ပြင်းတစ်သက်ကို ​လေး​လေးလံလံ ချလိုက်ပြီး ဖုန်း screen မျက်နှာပြင်ထက်က အစိမ်း​ရောင် ဖုန်း​ call ​လေးကို ဆွဲလိုက်တယ်

"Hello"

"Hello..
YeonJun ဒီ​နေ့ည​​နေ အပြင်မှာခဏဆုံရ​အောင်​လေ ​ငါပြောစရာလည်းရှိလို့"

YeonJun အပြင်ထွက်ချင်စိတ်မရှိ​ပေမယ့် တစ်ဘက်လူက သူငယ်ချင်း TaeHyun ဖြစ်​နေတာ​ကြောင့် သူလိုက်​လျော​ပေးဖို့ ဆုံးဖြတ်လိုက်တယ်

"​အင်း ရတယ်​​လေ ဘယ်မှာဆုံမှာလဲ?
BeomGyu ဘားမှာပဲလား?"

"​အေ အဲ့မှာပဲဆုံကြတာ​​ပေါ့
ည​နေကျ ငါတစ်ခါဖုန်းပြန်​ခေါ်မယ်​လေ"

"အင်း အင်း"

"ဒါဆို အဲ့မှာ​တွေ့ကြတာ​ပေါ့"

တီခနဲ ပြတ်​တောက်သွားတဲ့ ဖုန်းလိုင်းမှာ YeonJun ဖုန်းကို ​အိတ်ကပ်ထဲထည့်လိုက်တယ်

"ကိုယ် ည​နေအပြင်ခဏသွားဦးမယ်​နော်
ကိုယ်မရှိလို့ အထီးကျန်မ​နေနဲ့ဦး"

ကုတင်ထက်က ​ကောင်​လေးရဲ့ လက်ကလေးတစ်ဖက်ကို အနမ်း​ချွေ​တော့ အနည်းငယ်လှုပ်ရှားသွားတဲ့ မျက်ခွံလေးတစ်စုံ

အနမ်း​ချွေ​နေတဲ့ ​ကောင်​လေးက​တော့ သတိမထားမိခဲ့​​ပေမယ့်​ပေါ့

....................................

ရင်းနှီး​နေတဲ့ ဘား​လေးကို ဝင်လိုက်တာနဲ့ ခါတိုင်းလို ​တေးသီချင်း ငြိမ့်ငြိမ့်က ဆိုင်​လေးအတွင်းပျံ့လွင့်​နေတယ်

ယမကာအနံ့ပြင်းပြင်းနဲ့အတူ ​ရောယှက်​နေတဲ့ Air Freshener က လာဗန်ဒါနံ့သင်းသင်း
ပြောင်းလဲမှု တစ်စုံတစ်ရာမရှိတဲ့ ဒီ​နေရာ​လေးက စိတ်​အေးချမ်းမှုကို ​ပေး​နေတုန်းပဲ

𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )Donde viven las historias. Descúbrelo ahora