4

919 137 8
                                    

Unicode ver

မင်္ဂလာပွဲအတွက် ပြင်ဆင်စရာအားလုံးနီးပါးပြင်ဆင်ပြီး တစ်ပတ်တိတိအလိုမှာ အကိုနဲ့အတူ ဂျယ်ဂျူဒိုကို ခရီးထွက်ဖြစ်သည်

မ​ရောက်တာကြာပြီဖြစ်တဲ့ ဂျယ်ဂျူဒိုဟာ ပင်လယ်လှိုင်းသံသဲ့သဲ့တို့နဲ့ ​လှိုက်လှဲစွာ ကြိုဆို​နေတုန်း

လမ်းတစ်​လျှောက် စီတန်း​နေတဲ့ သစ်ပင်စိမ်း​တွေနဲ့ သဘာဝပန်းပွင့်တို့ရဲ့ အလှတရားကို လျစ်လျူရှုရင်း လက်တစ်ဖက်တည်းနဲ့ စတိုင်ကျစွာ ကား​မောင်း​​နေတဲ့ အကို့ကိုသာ ​ငေး​မော​နေမိသည်

​ကျွန်​တော့်လက်တစ်ဖက်ကို မလွတ်တမ်း ကိုင်ထားတဲ့အကိုက စိတ်ကူး​ပေါက်ရင် ​ပေါက်သလို နှုတ်ခမ်းထူထူတို့နဲ့ ငုံ့နမ်းတတ်​သေးသည်

"အကို"

"ဟင်?"

ကျွန်​တော် ခေါ်​တော့ နေကာမျက်မှန်​အောက်က အကို့ရဲ့ မျက်လုံး​မှေး​မှေး​လေး​တွေက ကျွန်​တော့်ကိုကြည့်သည်

"ကပြ"

အကိုက ကျွန်​​တော့်ဆီမှ တစ်ဖန် ကားလမ်း​ပေါ်သို့ အကြည့်ပြန်လွဲလိုက်ပြီး ရယ်​မောသည်

"ရုတ်တရက်ကြီး?"

"အင်း ဒီတိုင်း​လေးအကို့ အက ကို လွမ်းလာလို့"

အကိုက ရယ်​မောခြင်းကို ရပ်တန့်ပြီး ဆုပ်ကိုင်ထားတဲ့ ကျွန်​တော့်လက်ဖမိုးကို နူးညံ့စွာ အနမ်း​ချွေပြန်သည်

"ကပြမယ်မလား?"

"က​လေး မြင်ချင်ရင်​ပေါ့"

ကျွန်​တော်ပြုံးလိုက်မိပြီး အားကျမခံ ကျွန်​တော့်လက်ထဲက အကို့ရဲ့ လက်ဖမိုး​လေးကို ငုံ့နမ်းလိုက်သည်

"ဟင်းးး ​​ဆေးလိပ်နံ့ကြီး!!!!"

အကိုက တဟားဟားရယ်​မောပြီး ကျွန်​တော့်ပါးကို ဆွဲညစ်သည်

"​ဆေားရီးပါ က​လေးရယ် ခုဏက တစ်လိပ်သောက်လိုက်မိတာ"

ကျွန်​တော် နှာ​ခေါင်းရှုံ့ပြ​တော့ အကိုက ကျွန်​တော့်နှာ​ခေါင်းကို သာသာ​လေးဆွဲညစ်ပြန်သည်

"​ဟော ဘယ်လိုဖြစ်​နေတာလဲ လူကို ဟိုဆွဲဒီညစ်နဲ့ ဆန်မုန့်မြန်း ထင်​နေလား?"

𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )Where stories live. Discover now