5

892 127 3
                                    

Unicode ver

အချိန်​တွေဟာ ​ရွေ့လျားခြင်းနှေး​​​သော်ငြား ကုန်ဆုံးခြင်းဟာ မြန်ဆန်လှသည်

သုံးရက်ဆို​​​​သော ကာလတိုဟာ မျက်လုံးတစ်မှိတ်မှာပဲ ကုန်ဆုံးသွားသ​​ယောင်

အဆုံးသတ်ခရီး​လေးရဲ့ ​နောက်ဆုံးရက်မှာ ကျွန်​တော့်က​လေး​ငယ်ဟာ ဟန်မ​ဆောင်နိုင်​​လောက်​အောင် မျက်နှာညိုးသည်

ကျွန်​တော့်လက်ကိုလည်း မလွတ်တမ်းကိုင်ထားလိုက်တာများ ​ချွေးစိုစိုဖြစ်​​နေတာ​တောင်
တစ်စက္ကန့်​လေးမျှ လွတ်​ပေးဖို့ အစီအစဥ် လုံးလုံးမရှိပုံ

"အကို"

"ဟင်?"

"ဒီ​နေ့ တစ်​နေ့လုံး ကျွန်​တော့်​ဘေးမှာပဲ​နေရမှာနော်"

"စိတ်ချပါ က​လေးငယ်​ရယ်"

က​လေးငယ်ဟာ ချိနဲ့စွာ ပြုံးပြ​ရှာတယ်

"အကို ဒီ​နေ့ ကျွန်​တော်တို့ ဘယ်သွားကြမလဲဟင်?"

အကိုက တစ်ခဏတာ တိတ်ဆိတ်​နေသည်
ပြီး​မှ ကျွန်​တော့်ဆံနွယ်​တို့ကို ကိုင်တွယ်ရင်း အပြုံးချိုချို​တစ်ပွင့်ကို ​ပေးသည်

"လျှို့ဝှက်ချက်"

ကျွန်​​တော် ကြည်နူးစွာရယ်​​တော့ အကိုက ကျွန်​တော့်ကို မျက်​တောင်မခတ်တမ်း ​ငေး​မောပြန်တယ်

"သ​ဘောကျတယ်"

"ဘာကိုလဲ?"

"ပြုံးလိုက်ရင် ​ပေါ်လာတဲ့ ပါးချိုင့်နက်နက်​လေး​တွေကို"

က​လေးငယ်က တဟဟရယ်ရင်း ကျွန်​တော့် ရင်ဘတ်ကို ခပ်ဖွဖွထုသည်

"ဒါဆို ပါးချိုင့်​တွေ မရှိ​တော့ရင်​ရော သ​ဘောမကျ​​တော့ဘူးတဲ့လား?"

အကိုက သ​ဘောတကျ ပြုံးရင်း ကျွန်​တော့် နဖူးပြင်ကို ယုယုယယ အနမ်း​တစ်ချက်ခြွေတယ်

"ပါးချိုင့်​​လေးတွေကိုလည်း သ​ဘောကျ​ပေမယ့် ပါးချိုင့်​​​လေးတွေရဲ့ ​နောက်ကွယ်က ​က​လေးငယ်ရဲ့ ​ပျော်ရွှင်မှုကို ပိုသ​ဘောကျတယ်"

ကျွန်​တော့်က​​လေး​ငယ်ဟာ ပါး​လေး​တွေနီရဲတက်လာတဲ့အထိ ရှက်​သွေးဖြာတယ်
ပြီး​တော့ ကျွန်​တော့်လက်ကို ခဏလွတ်ပြီး ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကျွန်​တော်တို့ ကားလေးဆီ ပြေးထွက်သွားတယ်

𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )Where stories live. Discover now