15

792 107 6
                                    

Unicode Ver

"အကို ​ပြော​တော့ က​လေးဘဝက မှတ်ဥာဏ်​တွေမရှိဘူးဆို?"

က​​လေးငယ်က မျက်လုံး​အိမ်က​လေး​တွေ ကျယ်လို့ စူးစူးစမ်းစမ်း​ ​မေးမြန်းရှာတယ်

"အင်း အရင်က​ပေါ့"

"ဘယ်တုန်းက ပြန်သတိရသွားတာလဲ ?
ဘာလို့ ကျွန်​တော့်ကို ဘာမှမ​ပြောတာလဲ?
အကိုက အဲ့လိုပဲ အမြဲလျှို့ဝှက်ချက်​တွေနဲ့"

နှုတ်ခမ်း​လေးစူကာ မျက်ခုံး​လေး​တွေ တွန့်ချိုး​နေတဲ့ ချစ်စရာအတိနဲ့ က​လေးငယ်ရယ်
မ​နေနိုင်စွာနဲ့ ပါးအိအိ​လေး​တွေကို အသာ​လေး ညစ်ဆွဲမိ​​​တော့ မျက်ခုံး​လေး​တွေကို ပိုလို့တွန့်ချိုးပြ​လေရဲ့

"ကဲပါ ကိုယ်​ပြောတာ အရင်နား​ထောင်ပါဦး"

က​လေးငယ်က ဘာမှမ​ပြော​ပေမယ့် ရှင်းပါဦး ဆိုတဲ့အထာနဲ့ မျက်စပစ်ပြ​​သေးတယ်

"ကိုယ် အသက် ၁၂ လောက်ကတည်းက ကိုယ့်မှတ်ဥာဏ်​တွေကို ဝိုးတဝါးမှတ်မိ​နေပြီ ကိုယ် အထက်တန်းအရွယ်​လောက်​ရောက်တော့ ကိုယ့်ကိုကောင်မ​လေးတစ်​ယောက်လာရှာတယ်
သူက ကိုယ့်အစ်မတစ်ဝမ်းကွဲတဲ့
ကိုယ့်ရဲ့ ဦး​လေးက ဆုံးသွားပြီဆိုပြီး ကိုယ့်ကိုလာ​ပြောတာ"

"ဦး​လေး? အကို့ကို မိဘမဲ့​ဂေဟာမှာ စွန့်ပစ်ခဲ့တဲ့ လူကြီးလား?"

"ဟုတ်တယ်..
ဦး​လေးက သူ့ကုမ္ပဏီ​ဒေဝါလီခံရ​တော့မလို ဖြစ်​​နေတာ
ကိုယ့်မိဘ​တွေ မ​တော်တဆဆုံးသွား​တော့ သူက ကိုယ့်မိဘ​ရဲ့ ပိုင်ဆိုင်မှု​အားလုံးကို သိမ်းလိုက်တယ် ပြီး​တော့ မှတ်ဥာဏ်မရှိ​တော့တဲ့ ကိုယ့်ကို​တော့ ဦး​​လေးရဲ့မိန်းမက အပိုက​လေး ထပ်မ​မွေးချင်ဘူးဆိုပြီး ငြင်းထုတ်​တော့ ဦး​လေးက မိဘမဲ့​ဂေဟာ ပို့လိုက်တယ်​ပေါ့"

"ယုတ်မာလိုက်တာ ကျွန်​တော့်အကို သနားပါတယ်"

YeonJun သ​ဘောတကျရယ်​တော့ က​လေးငယ်က YeonJun ပါးနှစ်ဖက်ကို အသာ​လေး ညစ်ဆွဲသည်

"ဘာရယ်​နေတာလဲ
သူများက ကိုယ်ချင်းစာလို့​ပြော​ပေး​နေတာကို"

"ဟားဟား ဟုတ်ပါပြီ ကိုယ့်က​လေးငယ်​ရယ်
ဒါ​ပေမယ့် ကိုယ်က​တော့ မိဘမဲ့​ဂေဟာမှာ ပစ်ထားတဲ့ဦး​လေးကို သိပ်​ကျေးဇူးတင်တာ"

𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )Where stories live. Discover now