Unicode Ver
3 weeks later
ဟာဝိုင်အီ လေဆိပ်ကိုရောက်တာနဲ့ ခုန်ဆွခုန်ဆွပြေးထွက်သွားတဲ့ ကလေးငယ်ကြောင့် ကျွန်တော့်မှာ Luggage နှစ်လုံးဆွဲကာ စိတ်ကတပူပူဖြစ်နေရပြီ
"ကလေးငယ်..
သိပ်မပြေးနဲ့လေ ခြေထောက်က အခုမှကောင်းခါစကို"ကလေးငယ်က ကျွန်တော့်ဆီကို တဟုန်ထိုးပြေးလာပြန်ပြီး ကျွန်တော့်လက်မောင်းကို အတင်းချိတ်တွယ်ပြန်သည်
"အကိုရေ.. ပင်လယ်ကြီးက မလှဘူးလား?"
လေဆိပ်ကထွက်တာနဲ့ တန်းမြင်နေရတဲ့ ပင်လယ်ပြင်ကျယ်ကျယ်ဟာ စိမ်းပြာရောင်သန်းလို့ ...
တိမ်ဆိုင်တိမ်ခဲတို့ကလည်း ကင်းစင်ကာ ထွန်းထွက်နေတဲ့ နေမင်းကြီးက ပင်လယ်ပြင်ရဲ့ အလှတရားကို ပိုလို့လှအောင် ပါရမီဖြည့်ပေးနေသလိုအနည်းငယ်မြင့်တဲ့ အပူရှိန်ကြောင့် ကလေးငယ်ရဲ့ နဖူးထက်မှာ ချွေးစက်ကလေးတွေကလည်း ငြိတွယ်လို့
ကလေးငယ် နဖူးပြင်က ချွေးစက်လေးတွေကို တယုတယ သုတ်ဖယ်ပေးလိုက်တော့ ကလေးငယ်က အလှဆုံး ပြုံးသည်
ကလေးငယ် အပြုံးအောက်မှာ ချက်ချင်းကို မှေးမှိန်သွားတဲ့ ပင်လယ်ရဲ့ အလှတရား
လှချင်တိုင်းလှနေတဲ့ ပင်လယ်ပြာကြီးကို အားနာပေမယ့် ကျွန်တော့်အတွက်တော့ ကလေးငယ်လောက် လှပတဲ့အရာဆိုတာ မရှိဘူးထင်ပါရဲ့
"ကိုယ့် မျက်လုံးထဲမှာတော့ ကလေးငယ်က အလှဆုံး"
စိတ်ထဲရှိသမျှကို ဖွင့်ပြောမိတော့ ကလေးငယ်က ပါးဖြူဖြူနုနုလေးတွေ ပန်းရောင်သန်းလာသေးသည်
"အကိုက..လည်းဗျာ
ရှက်စရာတွေ သိပ်ပြောတာပဲ"YeonJun ပြုံးလိုက်ကာ ကလေးငယ်ရဲ့ ချယ်ရီရောင် နှုတ်ခမ်းပါလေးတွေကို လှစ်ခနဲ အနမ်းချွေတော့ ကလေးငယ်က မျက်လုံးလေးပြူးကာ တအံ့တသြကြည့်ရှာသည်
"အကို! လူတွေကြားထဲမှာလေ?"
"ဘာဖြစ်လဲ? ကိုယ့်ကောင်လေးကို ကြွားချင်လွန်းလို့ပါ"
![](https://img.wattpad.com/cover/269396728-288-k679954.jpg)
YOU ARE READING
𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )