6

873 119 2
                                    

Unicode ver

1305 ဆို​​သော ​ရွှေဝါ​ရောင် နံပါတ်က​လေး ကပ်ထားတဲ့ အခန်းတံခါး​ရှေ့မှာ နာရီဝက်နီးပါး ​ယောင်လည်လည် လုပ်​နေ​သော ​ကောင်​လေးတစ်​ယောက်

ဖြတ်သွားဖြတ်လာလူ​တွေက စူးစူးစမ်းစမ်းကြည့်ကြ​ပေမယ့် ထို​ကောင်​လေးက​တော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်​လောက်​အောင် တစ်​ယောက်တည်း အာရုံတို့​ထွေပြား​နေ​လေရဲ့

​ကောင်​လေးက အစွမ်းကုန်ခုန်​ပေါက်​နေ​သော ရင်ခုန်သံတို့ကို တစ်ဘက်တံခါးမှသူ မကြားသွား​စေဖို့
ဘယ်ဘက်ရင်ဘတ်ကို လက်နဲ့နာနာဖိလိုက်သည်

ထို့​နောက် ဆုံးဖြတ်ချက်တစ်ခုချက်လိုက်​​သော မျက်နှာထားနဲ့ အသက်ပြင်းပြင်း တစ်ခါ ရှူသွင်းလိုက်ပြီး တံခါး​ဘေးနား​လေးက ခလုတ်​သေး​သေး​လေးကို နှိပ်လိုက်သည်

ကျွီခနဲပွင့်လာ​သော တံခါးမှာ တံခါး​နောက်က အကိုဟာ ​Bathrobe အနက်​ရောင်ကိုသာ ဝတ်ထားသည်

​ရေစိုစို ဆံနွယ်တို့က​နေ တစ်စက်တစ်စက် စီးကျ​နေတဲ့ ​ရေစက်​က​လေး​တွေဟာ အကို့ရဲ့ ​မေးရိုးချွန်ချွန်မှာ ကပ်တွယ်​နေသည်က အသက်ရှူမှား​လောက်​အောင် ရင်သပ်ရှု​မောဖွယ်

​လပ်ဟာ​နေ​သော ကျော့ရှင်းရှင်းလည်ပင်ရိုးနဲ့ ​ရေဓါတ်​ကြောင့် စိုလတ်လတ်ဖြစ်​နေသာ အသားအ​ရေဟာလည်း အကို့ရဲ့ဆွဲ​ဆောင်မှုကို ပိုအားပြင်း​စေသလို

ဆွဲညို့လိုက်သလို ရစ်မူး​စေ​လောက်တဲ့ အကိုဟာ ကျွန်​တော့်ကို ကြည့်ရင်း စွဲမက်​စရာ​ကောင်းတဲ့ အပြုံးတစ်ပွင့်ကို​ပေးသည်

"ဝင်လာ​လေ"

​အကိုဦး​ဆောင်တဲ့​နောက်ကို ကျွန်​တော် ညို့ငင်ခံလိုက်ရတဲ့ လူတစ်​ယောက်လိုမျိုး လိုက်သွားမိသည်

အခန်းထဲ​ရောက်​တော့ ကျယ်ဝန်းတဲ့ အိပ်ရာ​ဘေးမှာ စားပွဲတစ်ခု ချထားတာကို​တွေ့ရသည်

စားပွဲ​ပေါ်မှာလည်း ဖ​ယောင်းတိုင်အချို့ရယ် ကျွန်​တော်ကြိုက်တဲ့ ပါစတာရယ် ကျွန်​တော်ကြိုက်တဲ့ ဝိုင်ရယ်

𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )Where stories live. Discover now