Unicode ver
ဘေးပတ်ဝန်းကျင်အားလုံးဟာ အမှောင်အတိဖုံးနေတယ်
နံဘေးနားက လူတစ်ယောက်ဖြတ်သွားသလို လွင့်ခနဲတိုက်တဲ့ လေကြောင့် နံဘေးကို စူးစမ်းကြည့်သော်လည်း ဘာမှမမြင်ရ"အကို"
အသံတိုးတိုးသာကြားရပေမယ့် ကလေးငယ်အသံဆိုတာ ကျွန်တော် အတတ်ပြောနိုင်သည်
"ဆူဘင်း??"
"အကို ကျွန်တော်နာတယ်"
တိုးရှိုးတဲ့အသံဟာ နာကျင်မှုတို့ကြောင့် တုန်ရီနေသလို
ကျွန်တော့် စိတ်အစုံတို့က မီးပူပူနဲ့ထိုးလိုက်သလို ထူပူလှပြီ"ကလေးငယ် ဘယ်မှာလဲ?
ကိုယ့်ကိုပြောလေ""အကို့... ရှေ့မှာလေ.. ကျွန်...တော့်ကို ...မမြင်..ရဘူးလား?"
တစ်လုံးချင်းစီ ထွက်ကျလာတဲ့ စကားလုံးတို့က အတင်းအကျပ် အားစိုက်ထုတ်ကာ ပြောနေရသည့်အတိုင်း
နာကျင်လာတဲ့ ဘယ်ဘက်ရင်ဘတ်ကို ခပ်တင်းတင်းဖိလိုက်တော့ လက်ဖဝါးက စေးကပ်ကပ်အရည်တစ်ချို့ကို ခံစားရသည်
သွေးတွေ......
ရုတ်တရက် စူးဝင်လာတဲ့ အလင်းရောင်ကျိန်းကျိန်းကြောင့် ကျွန်တော် မျက်လွာတို့ကို စုံမှိတ်မိသည်
တင်္ဒဂကြာမှ မျက်လုံးတို့ကို အားယူကာ တဖြည်းဖြည်းချင်း ဖွင့်ကြည့်တော့ ဝိုးတဝါးမြင်ကွင်းမှာ အဖြူရောင် သတို့သားဝတ်စုံကို လိုက်ဖက်လှစွာ ဝတ်ဆင်ထားတဲ့ ကလေးငယ်ကိုတွေ့ရသည်
"ကလေးငယ်"
ကျွန်တော်ခေါ်တော့ သူပြုံးပြတယ်
ထို့နောက် ကျွန်တော့်ကို သူကျောခိုင်းတယ်
ကိုက်ခဲလာတဲ့ နှလုံးသားကြောင့် ကလေးငယ် နောက်ကိုပြေးလိုက်ဖို့ ကြိုးစားပေမယ့် ခြေထောက်တွေက တစ်စုံတစ်ယောက် ကိုင်ချုပ်ထားသလို အနည်းငယ်မျှ လှုပ်ရှားလို့မရဘူးကလေးငယ်!!!!!!
အာခေါင်ခြစ်ကာ အော်ခေါ်လိုက်သော်လည်း အသံတစ်သံတောင် ထွက်မလာ
မွန်းကျပ်လွန်း၍ သေလုမြောပါးနာကျင်လှသည်
![](https://img.wattpad.com/cover/269396728-288-k679954.jpg)
YOU ARE READING
𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )