3

982 138 5
                                    

Unicode verison

မိုးရိပ်မိုး​ငွေ့​ကြောင့် ရာသီဥတုက အုပ်မှိုင်း​​နေဆဲပင်

အနက်​ရောင် မာစီးတီးတစ်စီးက ဧရိယာကျယ်ပြန့်လှသော ခြံဝင်းကျယ်ကျယ်ဆီသို့ ထီးထီးကြီးဝင်​ရောက်လာသည်
ခပ်လှမ်းလှမ်းမှာ ၁၀ ​ပေ​ကျော်​ကျော်ခန့်မြင့်​သော သစ်ပင်စိမ်းများက အဖြူ​ရောင် စံအိမ်​တော်ကြီးကို ခံတပ်သဖွယ် ခံ့ခံ့ထည်ထည် ဝန်းရံထားသည်

"​အေး​နေလား?"

မိုး​ရေစို​နေ​သောသူက တုန်ရင်စွာနဲ့ ​ခေါင်းခါပြရှာသည်
​​ရေစို​နေတဲ့ သူ့ဆံပင်​လေး​တွေကို ကျွန်​တော်လက်နဲ့ ခပ်ဖွဖွ သုတ်​ပေး​တော့ ကျွန်​တော့်လက်ကို ညင်သာစွာ သူဆုပ်ကိုင်သည်

"အကို ကျွန်​တော် အိမ်ထဲမဝင်ချင်ဘူး"

​ခေါင်းမာလွန်းတဲ့ က​လေးငယ်ဟာ မျက်နှာငယ်ငယ်နဲ့ ​တောင်းဆိုရှာသည်

"မိုးမိထားလို့ တုန်​​တောင်တုန်​နေပြီမလား အဝတ်စိုနဲ့ ဆက်​နေရင် ဖျားမယ်​လေ က​လေးငယ်ရယ်"

ကျွန်​တော့်စကားကို ကြား​တော့ ​က​လေးငယ်က ​ခေါင်းက​လေးငုံ့သွားရှာရင်း ဆုပ်ကိုင်ထား​သော ကျွန်​တော့်လက်ကို လွတ်သည်

"အင်း"

​ကောင်​လေးဟာ ​ခေါင်းမာတဲ့ က​လေးဖြစ်​သော်ငြား ကျွန်​တော့်စကားကို​တော့ တ​​တွေမတိမ်းနား​ထောင်စမြဲပါလား

​က​လေးငယ် ခါးပတ်ကြိုးကို ဖြုတ်​ပေးပြီး ကျွန်​တော်ကား​ပေါ်ကဆင်း​​တော့ ​က​​လေးငယ်က ​လေးပင်ပင်နဲ့ လိုက်ဆင်းရှာသည်

"သခင်​လေး Soobin ပြန်လာပြီ​ဟေ့!!!"

အိမ်ထဲက​နေ အိမ်ထိန်းအ​ဒေါ်ကြီးအသံကျယ်ကျယ်ကို လှမ်းကြား​နေရပြီ

"ဟယ် သခင်​လေးက မိုး​ရေ​တွေ​ရောစိုလာတယ် တဘက်​တွေ သွားယူကြစမ်း!"

ခဏကြာ​တော့ အိမ်ထိန်းအ​ဒေါ်ကြီးက တဘက်ကြီးကြီး တစ်ထည်ကိုကိုင်ကာ ပြာပြာသလဲထွက်လာပြီး Soobin ကို ခြုံ​ပေးသည်

"သခင်​လေး​ အဝတ်လဲဖို့လည်း ပြင်ဆင်ထားကြ​ဦး!!"

အိမ်ထဲက အိမ်အကူအငယ်​လေး​တွေကို ​အော်​ပြောကာ အမိန့်​ပေးလိုက်တဲ့ အ​ဒေါ်ကြီးက ကျွန်​တော့်ကိုမြင်​တော့ ​ခေါင်းတစ်ချက်သာ ငြိမ့်ပြသည်

𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )Where stories live. Discover now