1

6.7K 422 23
                                    

Z.

"ယေးးး!!! ဒါမှ Tracer 85ကွ! ရဟူးး! "

လက်သီးလက်မောင်းတန်းပြီး ထခုန်လိုက်တာကြောင့် အာလူးကြော်ထုတ်က ကြမ်းပေါ်ပြုတ်ကျသွားပြီး ဟိုဟိုသည်သည် ပြန့်ကျဲသွားတယ်။ ဒါပေမယ့် တီဗီကနေ မျက်လုံးတစ်ချက်မခွာတဲ့ ရှောင်းကျန့်ကတော့ အဲ့ဒီ့ဘက်ကို အာရုံမရောက်အားဘူး။

ဆိုင်ကယ်ပြိုင်ပွဲမှာ အနိုင်ရရှိသွားတဲ့ Tracer 85ဆိုသူကို ပြူးပြဲကြည့်ရင်း ရှောင်းကျန့် မျက်လုံးထဲမှာ ဘလင်းလင်းနဲ့ အသည်းပုံလေးတွေ ဖြာနေရှာတယ်။ အမြင့်ဆုံးဆုဖြစ်တဲ့ ရွှေရောင်ဒိုင်းဆုကို ပင့်မြှောက်အောင်ပွဲခံနေတဲ့ 85က စင်မြင့်ပေါ်မှာ ငွားငွားစွင့်စွင့်နဲ့။

"85က တကယ့်ကို ဆိုင်ကယ်နတ်ဘုရားပဲ"

ရှေ့စားပွဲပေါ်က ရေခွက်ကို လှမ်းယူသောက်ရင်း ရှောင်းကျန့် ရေရွတ်လိုက်မိတယ်။

အမည် - ရှောင်းကျန့်

အသက် - 28

အလုပ်အကိုင် - Wကုမ္ပဏီရဲ့ အမြဲတမ်းဝန်ထမ်း

နှစ်သက်သောအရာ - အစားအသောက်၊ ပိုက်ဆံနဲ့ Tracer 85

မနှစ်သက်သောအရာ - ဆေးရုံ၊ ဆေးခန်း

-------------

ပိတ်ရက်နှစ်ရက်ကုန်လွန်ပြီး ရုံးဖွင့်ရက်ပြန်ရောက်ပြီမို့ ရှောင်းကျန့်တစ်ယောက် လေးတိလေးကန်ခြေလှမ်းတွေနဲ့ ဘတ်စ်ကားဂိတ်ဘက် လမ်းလျှောက်လာတယ်။

ဆိုင်ကယ်တွေကို ချစ်တဲ့စိတ်ကြောင့် ဆိုင်ကယ်တွေထုတ်လုပ်တဲ့ Wကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပေမယ့် သုံးလေးနှစ်လောက် ကြာသွားတော့ တဖြည်းဖြည်းပျင်းလာတယ်။ အဲ့ဒါကြောင့်လည်း ရှောင်းကျန့်ရဲ့ ဆောင်ပုဒ်က 'အလုပ်ဟူသမျှ ပျင်းလေစွ' ဖြစ်နေတာ။

အလုပ်လုပ်စရာ မလိုတော့အောင် နေ့တိုင်းထီထိုးပေမယ့် အခုထိတော့ အသေးဆုံးထီဆုလေးတောင် မပေါက်သေးဘူး။ ဒါပေမယ့် ရှောင်းကျန့် စိတ်မပျက်ပါဘူး။

ဆုသေးတစ်ဆုတောင် မပေါက်သေးဘူးဆိုတာက ဆုကြီးပေါက်ဖို့အတွက် စောင့်ကြိုနေတာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် ရှောင်းကျန့်ကတော့ မပေါက်မချင်း နေ့ရက်တိုင်းမှာ ထီထိုးသွားဖို့ ဆုံးဖြတ်ထားတယ်။

Eighty FiveWhere stories live. Discover now