16

1.7K 153 16
                                    

Z.

တွဲပြီး တစ်ပတ်အကြာမှာတင် ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ တိုက်ခန်းကို သူ့အိမ်အဖြစ် သတ်မှတ်လိုက်ပြီး သူ့အဝတ်အချို့ကိုပါ သယ်ယူထားလိုက်ပြီးပြီဖြစ်တယ်။

အခုချိန်မှာ သူ့ဘက်ကခေါ်ရင်တောင် ရှောင်းကျန့်က သူ့အိမ် လိုက်နေမှာ မဟုတ်တော့ သူကပဲ ပြောင်းလာလိုက်တာပေါ့။ အဓိကက သူ့ပေါင်ပေါင်းအနား ကပ်နေလို့ရဖို့ပဲမဟုတ်လား။

တရားဝင် တွဲကြပြီးကတည်းက ရုံးဖွင့်ရက်တွေဆို ရှောင်းကျန့် အလုပ်သွားတဲ့အခါ ဝမ်ရိပေါ်က သူ့ဆိုင်ကယ်ကြီးနဲ့ လိုက်ပို့တယ်။ အဲ့ဒီ့နောက်မှာတော့ သူ့ရဲ့ ပုံမှန် လေ့ကျင့်ရေးအတွက် ပြိုင်ကွင်းဆီကို ခရီးဆက်လိမ့်မယ်။

တစ်ခါတစ်ရံ 85အနေနဲ့ Wအတွက် အလုပ်ကိစ္စရှိတဲ့အခါမျိုးမှာ သူ့ကိုကူညီပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်းကျန့်ကို ခေါ်ထားတာကလည်း ရွေးချယ်စရာမလိုတဲ့ ကိစ္စတစ်ခုလိုတောင် ဖြစ်နေပြီ။

အခုလည်း Wရဲ့ အသစ်ထွက်တဲ့ ဆိုင်ကယ်ဦးထုပ်အတွက် 85ရဲ့ ကြော်ငြာရိုက်ကွင်းကို ရှောင်းကျန့် ရောက်နေတယ်။

လက်ရှိမှာ ဒါရိုက်တာက သူလိုချင်တဲ့ သရုပ်ဆောင်ရမဲ့ပုံစံကို ရှင်းပြနေပြီး 85က ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်နေတယ်။ တစ်ချက်တစ်ချက်တော့ သူဖြစ်စေချင်တာလေးတွေကို ဖြည့်စွက်ပြီး ထုတ်ပြောတတ်ပေမဲ့ များသောအားဖြင့် ခေါင်းလေးညိတ်ပြီး သူနားလည်ကြောင်းပဲပြတယ်။

ပထမတစ်ဖြတ် ရိုက်ကူးပြီးသွားချိန်မှာ ရှောင်းကျန့် ဒါရိုက်တာရယ် 85ရယ်နဲ့အတူ မော်နီတာအသေးလေးထဲက ရိုက်ချက်တွေကို တစ်ခေါက်ပြန်ကြည့်ဖြစ်တယ်။

"ဒီနားကို ပင့်ရိုက်ရင် ပိုကောင်းမယ်ထင်တယ် "

ခပ်သေးသေး မော်နီတာရှေ့မှာ ခေါင်းပြုံပြီး ကြည့်နေကြတာမို့ 85စကားပြောလိုက်တဲ့အသံက နားထဲ ရှင်းရှင်းလင်းလင်းကြီး ဝင်လာတယ်။

ရှောင်းကျန့်စိတ်ထဲ 85ရဲ့အသံက သူ့ချစ်သူဝမ်ရိပေါ်နဲ့ နည်းနည်းလေး ဆင်တူသလို ခံစားလိုက်ရတယ်။ ဒီလိုခံစားချက်ကို ခုမှရတာမဟုတ်ပေမဲ့ အသံဆင်တာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာမို့ ရှောင်းကျန့် အရေးတယူမဖြစ်မိဘူး။

You've reached the end of published parts.

⏰ Last updated: Sep 06, 2022 ⏰

Add this story to your Library to get notified about new parts!

Eighty FiveWhere stories live. Discover now