12

1.4K 238 16
                                    

Z.

ယောက်ျားတစ်ယောက်အတွက် တစ်စုံတစ်ယောက်ရှေ့မှာ ဒူးထောက်တယ်ဆိုတာဟာ အရမ်းကို နှိမ့်ချထားတဲ့ အပြုအမူတစ်ခုပဲ။ ပြီးတော့ သူ့ရှေ့က ဝမ်ရိပေါ်ရဲ့ မျက်ဝန်းတွေထဲမှာ စစ်မှန်တဲ့ မျှော်လင့်ခြင်းတွေနဲ့ သူငြင်းမှာကို စိုးရိမ်နေတဲ့ အရိပ်တွေကို မြင်နေရတယ်။

တကယ်တော့ ရှောင်းကျန့်ရဲ့ အသက်က သူများတွေ အိမ်ထောင်ပြုကြတဲ့ အရွယ်အပိုင်းအခြားကို ရောက်နေပြီဖြစ်တယ်။ ၂၇နှစ်ဆိုတာ ငယ်လည်းမငယ်သလို တအားကြီး အသက်ကြီးတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဆက်ဆံရေးတစ်ခုကို ထူထောင်ဖို့တော့ သင့်တော်တဲ့ အရွယ်လို့ သူထင်တယ်။

အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့လေးရက်အတွင်း ရှောင်းကျန့် ဝမ်ရိပေါ်အကြောင်း အကြိမ်ကြိမ် စဉ်းစားမိခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကလေးလေး တစ်ဖြစ်လဲ အခုလက်ရှိ ဝမ်ရိပေါ်။ သူ့ဘက်က မေ့တောင်နေတဲ့ ကတိတစ်ခု တည်ဖို့အတွက်လေးနဲ့ သူ့ကို ပြန်လိုက်ရှာပြီး သူ့ရှေ့အထိ ရောက်လာခဲ့တဲ့သူ။

ရင်ဘတ်ထဲက တဒိတ်ဒိတ် ခုန်လှုပ်နေမှုက ပိုပိုပြီး ပြင်းထန်လာတယ်။ ရှောင်းကျန့်အတွက်​တော့ ဒီလို ရင်ခုန်မှုမျိုးကို ဖြစ်စေနိုင်တာ 85ကလွဲရင် ဝမ်ရိပေါ် တစ်ယောက်ပဲ ရှိတယ်။

ရှောင်းကျန့် နည်းနည်းလေး ကတိုက်ကရိုက်ဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်။ သူကြိုးစားကြည့်ချင်တယ်။ မနက်ဖြန်တွေကို သူ့ရှေ့ကလူနဲ့ ဖြတ်သန်းကြည့်ဖို့ပေါ့။

ပန်းစည်းကို ရှောင်းကျန့် ယူလိုက်တဲ့အချိန်မှာ ဝမ်ရိပေါ်ရဲ့ မျက်ဝန်းတွေက ပျော်ရွှင်မှုအပြည့်နဲ့ တောက်ပသွားတယ်။ တစ်ဆက်တည်း ရှောင်းကျန့်ကိုယ်လေးက ဝမ်ရိပေါ်ရဲ့ တင်းကြပ်တဲ့ ပွေ့ဖက်မှုထဲ ကျရောက်သွားရတယ်။

"ကျေးဇူးတင်ပါတယ်"

ဝမ်ရိပေါ်ရဲ့အသံက ငိုချင်တာကို ထိန်းချုပ်ထားရသလိုမျိုး အဖျားခတ်မှာ တုန်ယင်လို့နေတယ်။ ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့ ပခုံးပေါ်ကို နဖူးလေးတင်ရင်း ပြန်ပြောလိုက်တယ်။

Eighty FiveWhere stories live. Discover now