13

2.1K 262 30
                                    

Z.

အချိန်ကား ညဆယ်နာရီကျော်။ လမ်းမထက်ဝယ် လူစည်ကားနေသေးကာ ကားတွေကလည်း ရှုပ်နေလျက် ရောင်စုံမီးရောင်တွေကြားမှာ ညရဲ့ မြင်ကွင်းက လှပသက်ဝင်လို့နေတယ်။

လမ်းဘေးပလက်ဖောင်းပေါ်ကို ကြည့်လိုက်ရင်တော့ ဖြတ်သွားဖြတ်လာ အတွဲအချို့ကို ကြည်နူးစရာကောင်းစွာနဲ့ တွေ့မြင်ရနိုင်တယ်။ ဒါပေမဲ့ ကြည့်မိတဲ့သူတွေက singleတွေသာ ဆိုရင်တော့ ဒီမြင်ကွင်းကို အမြင်ကပ်ကောင်း ကပ်နိုင်တာပေါ့။

ရှောင်းကျန့် နည်းနည်း အေးသလို ခံစားရတာကြောင့် ရိပေါ် ခါးတစ်ဝိုက်က သူ့လက်တွေကို ပိုအားထည့်ကာ တိုးဖက်လိုက်တယ်။

မီးပွိုင့်မှာ ခဏရပ်ရတာနဲ့ ရိပေါ်က ချက်ချင်းပဲ ရှောင်းကျန့်ရဲ့ အေးစက်နေတဲ့ လက်ကလေးတွေကို သူ့လက်နှစ်ဖက်နဲ့ အုပ်ကိုင်လာတယ်။

"အေးနေပြီလား"

"နည်းနည်း"

ရိပေါ် လေကာမှန်ကို ပင့်တင်လိုက်ပြီး ရှောင်းကျန့်လက်ကလေးတွေကို အာငွေ့ပေးလိုက်တယ်။

သူတို့ဘေးမှာ ရပ်နေတဲ့ ဆိုင်ကယ်ပေါ်က လူက စပ်စုတဲ့ အကြည့်တွေနဲ့ ကြည့်လာတော့ ရိပေါ် တန်ပြန် စိုက်ကြည့်ပေးလိုက်တယ်။ ထိုလူကတော့ မလုံမလဲနဲ့ မျက်နှာလွှဲသွားလေရဲ့။

ရှောင်းကျန့်မှာ ရှက်သလိုလို ရှိတာကြောင့် လက်ကို ပြန်ဆွဲယူဖို့ ကြိုးစားပေမဲ့ ရိပေါ်က လွှတ်မပေးဘဲ လက်ကို နွေးသွားအောင် ဆက်ကြိုးစားပေးနေတယ်။ ထိုပုံစံအတိုင်း ရိပေါ်က မီးစိမ်းတဲ့အထိ အာငွေ့ပေးနေခဲ့တယ်။

လမ်းကြားထဲမှာ ဆိုင်ကယ်လေးက တဖြည်းဖြည်းချင်း ရပ်တန့်သွားတယ်။ ရှောင်းကျန့် ဆိုင်ကယ်ပေါ်က ဆင်းတာနဲ့ ရိပေါ်က သူ့ဦးထုပ်ရော ရှောင်းကျန့် ဦးထုပ်ရောကို ချွတ်တယ်။

"ဦးထုပ်ဘာလို့ချွတ်တာလဲ မပြန်ဘူးလား"

ရှောင်းကျန့်ရဲ့ အမေးကို ရိပေါ်က ဆိုင်ကယ်သော့ ဖြုတ်ပြီး ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တဲ့ အပြုအမူနဲ့ ပြန်ဖြေတယ်။ ရှောင်းကျန့် မျက်လုံးလေးပြူးသွားတယ်။

Eighty FiveWhere stories live. Discover now