2

1.9K 360 13
                                    

Z.

တစ်လ...တစ်လရှိသွားပြီ။

ရုံးဖွင့်ရက်တိုင်း ရှောင်းကျန့်ဆီကို အမည်မသိလူက နှင်းဆီပန်းတွေ ပို့ပို့နေတာ တစ်လရှိသွားပြီ။ နေ့တိုင်းနေ့တိုင်း ရှောင်းကျန့်တို့ ရုံးခန်းထဲ နှင်းဆီပန်းနံ့တွေနဲ့ မွှေးကြိုင်နေတာကြောင့် တခြားရုံးခန်းက လူတွေကပါ အာရုံစိုက်လာတဲ့အထိပဲ။

ဘယ်သူမှန်း သိရဖို့အတွက် လာပို့တဲ့ deliသမားကို စောင့်မေးကြည့်ခဲ့ဖူးပေမယ့်လည်း ဖုန်းနဲ့ပဲ ဆက်သွယ်အော်ဒါတင်ခဲ့တာမို့ ဘယ်သူမှန်းမသိပါဘူးဆိုတဲ့ အဖြေကိုပဲ ရခဲ့တယ်။

ဒီနေ့လည်း စားပွဲပေါ်ရောက်နေပြန်တဲ့ နှင်းဆီပန်းစည်းကြီးကို ကြည့်ပြီး ရှောင်းကျန့် လေမှုတ်ထုတ်လိုက်တယ်။ ဒါကြီးက ဘယ်လောက်ဈေးကြီးလိုက်မလဲ။ မစားရမသောက်ရနဲ့ အလကားအကုန်ခံနေတာ ဘယ်သူမှန်းသာသိရင် ပိုက်ဆံမဖြုန်းဖို့ ပြောပြရမယ်။

ရှောင်းကျန့်ပန်းအိုးထိုးပြီး ပြန်လာတော့ ယွိပင်းက အနားကို ခုံလှိမ့်လာတယ်။

"၁၁နာရီကျရင် အစည်းအဝေးရှိတယ်နော် "

"အင်း အားလုံးအဆင်သင့်ပဲ"

ကောချန်ကလည်း အားကျမခံ ခုံဘီးလှိမ့်ပြီး အနားရောက်လာတယ်။

"ဒါတွေအားလုံးပြီးရင် ညနေကျ ကုမ္ပဏီက စားပွဲလုပ်ပေးမယ်တဲ့။ သီးသန့်ခန်းမှာ ကြိုက်သလောက်မှာ ကြိုက်သလောက်စားဆိုပဲ "

"အမယ် ရက်ရက်ရောရောတွေပါလား"

"ရက်ရောမှာပေါ့... ကြားထားတဲ့ အတွင်းသတင်းအရဆို စာချုပ်ကိစ္စက အဆင်ပြေတယ်ပြောတယ်"

နားနားကပ်ပြီး တိုးတိုးလေးပြောလာတဲ့ ကောချန်ရဲ့စကားအဆုံးမှာ ရှောင်းကျန့် မျက်လုံးလေးပြူးသွားတယ်။

"ဘယ်လို"

85နဲ့ စာချုပ်ချုပ်လိုက်ပြီတဲ့လား။ ဒါဆို 85နဲ့ အလုပ်တူတူလုပ်ရတော့မှာပေါ့။ ဒီဇိုင်းဌာနရဲ့ လူတစ်ယောက်အနေနဲ့ 85အတွက် ဒီဇိုင်းကို ကျိန်းသေပေါက် ရှောင်းကျန့်ဆွဲပေးရမှာပဲ။

တစ်နေကုန်လုံး 85အကြောင်းတွေးမိပြီး ရှောင်းကျန့်တစ်ယောက် ပျော်မဆုံးဖြစ်နေတယ်။ တရားလွန် ပြုံးစိစိဖြစ်နေတဲ့ မျက်နှာပေးကြောင့် ယွိပင်းတို့တောင် သတိထားမိကုန်တဲ့အထိ။

Eighty FiveWhere stories live. Discover now