6

1.9K 330 34
                                    

Z.

"မင်း ဘယ်သူ့အင်္ကျီကြီးဝတ်ထားတာလဲ"

ရိပေါ် ဝတ်နေကျပုံစံမဟုတ်တာကို သတိထားမိတဲ့ ဟောက်ရွှမ်းက မေးလာတော့ ရိပေါ် နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးလိုက်ပြီး မျက်ခုံးပင့်ပြလိုက်တယ်။

"ဘယ်သူ့ဟာတွေလို့ထင်လို့လဲ"

"...."

ဦးလေးဖြစ်သူရော ဟောက်ရွှမ်းရောကို တစ်ဖက်သတ် ​ခွေးစာကျွေးပြီးနောက်မှာ ထိုနှစ်ယောက်ကို ထားခဲ့ပြီး ရိပေါ် အပေါ်ထပ်ကို တက်ခဲ့လိုက်တယ်။ အခန်းထဲရောက်တာနဲ့ လူငါးယောက်လောက် အသာလေးအိပ်လို့ရတဲ့ ကုတင်ပေါ် ကျောချပစ်လိုက်တယ်။

အဖြူရောင် မျက်နှာကျက်ကို ကြည့်နေရင်းက မြင်ကွင်းထဲမှာ ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်တွေ ပေါ်လာတယ်။ ထိုကောင်လေးက အစိမ်းရောင်ဆိုင်ကယ်ရုပ်လေးကို လှမ်းယူလိုက်ပြီး ပြုံးနေတယ်။ အပြုံးတွေက လှပလွန်းလို့ မျက်တောင်မခတ်စတမ်း ငေးချင်မိလောက်အောင်ပဲ။

ရိပေါ် လှဲနေရာကနေ ထလိုက်ပြီး luggage ရှိရာဆီ သွားလိုက်တယ်။ ဇစ်ဆွဲ ဖွင့်လိုက်ကာ အထဲမှာရှိနေတဲ့ အစိမ်းရောင်ဆိုင်ကယ်ရုပ်တစ်ရုပ်ကို ထုတ်ယူလိုက်တယ်။ ဆိုင်ကယ်ရုပ်အသေးလေးက ရှောင်းကျန့်ရဲ့ အခန်းထဲမှာ ရှိတဲ့တစ်ခုနဲ့ တစ်ပုံစံတည်းပဲ။ ဆိုင်ကယ်ရုပ်ကလေးကို လက်မနဲ့ ဖွဖွပွတ်ရင်း ရိပေါ် ပြုံးလိုက်မိတယ်။

ကျန့်ကောက အခုထိ ဒီအရုပ်ကလေးကို သိမ်းထားတယ်။ အဲ့ဒီ့တုန်းက အကြောင်းတွေကိုရော မှတ်မိနေနိုင်တယ်မလား။ မသေချာပေမယ့် ဒီဆိုင်ကယ်ရုပ်ကလေး ကျန့်ကောဆီမှာ ရှိနေသေးတာ တွေ့ရတာနဲ့တင် ရိပေါ်မှာ အတိုင်းမသိ ပျော်ရတယ်။

ဆိုင်ကယ်ရုပ်ကလေးကို ကုတင်ဘေးက စားပွဲပေါ် တင်ထားလိုက်ပြီး ရေချိုးဖို့အတွက် ရေချိုးခန်းထဲ ဝင်လိုက်တယ်။

အမည် - ဝမ်ရိပေါ်

အသက် - ၂၂နှစ်

အလုပ်အကိုင် - မရှိ??

နှစ်သက်သောအရာ - ရှောင်းကျန့်

မနှစ်သက်သောအရာ - ရှောင်းကျန့်နဲ့ ဝေးစေမယ့် အရာရာ

Eighty FiveWhere stories live. Discover now