11

1.3K 220 11
                                    

Z.

အချိန်အားဖြင့် နှစ်ရက်တာက လျင်မြန်စွာနဲ့ ကုန်ဆုံးလို့သွားတယ်။ ပျောက်တော်မူ ဝမ်ရိပေါ်ကတော့ တစ်ခေါက်ကလေးတောင်မှ ပေါ်မလာခဲ့ဘူး။

ရှောင်းကျန့်မှာ တစ်ဖက်က ဝမ်ရိပေါ်ကို အန္တရာယ် တစ်ခုခုဖြစ်နေမှာ စိုးရိမ်မိသလို တစ်ဖက်ကတော့ လုပ်ချင်တာလုပ်ပြီး ပျောက်သွားတဲ့အတွက် ဒေါသလည်းထွက်မိတယ်။

သူနဲ့ဝမ်ရိပေါ်ကြား ဆက်သွယ်စရာ တစ်ခုတစ်လေမှ မလဲဖယ်ထားခဲ့ကြတာကြောင့်နဲ့တော့ ဝမ်ရိပေါ်သူ့ကို မဆက်သွယ်နိုင်တာ မဖြစ်နိုင်ဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကတိလေးတစ်ခု အတွက်နဲ့တောင် သူ့ကို ပြန်လိုက်ရှာနိုင်တဲ့သူက ဆက်သွယ်စရာ နည်းလမ်းမရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒါမှမဟုတ် ဝမ်ရိပေါ်ကိုယ်တိုင်ကိုက သူ့ကို မဆက်သွယ်ချင်တာများလား။

ပြောပြီးမှ နောင်တရသွားလို့ နောက်ဆုတ်ပြီး တိတ်တိတ်ကလေး ပြန်ပျောက်သွားတာလည်း မဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူးလေ။

ရှောင်းကျန့် အမျိုးမျိုးတွေးရင်း စိတ်တိုလာတာကြောင့် လက်ထဲက သခွားသီးကို ဂျွတ်ခနဲကိုက်ပြီး ဝါးစားပစ်လိုက်တယ်။

တစ်ဖက်လူကဖြင့် လုပ်ချင်ရာလုပ်ပြီး အကြောင်းမကြား ဘာမကြားနဲ့ ပျောက်သွားတဲ့ဟာကို သူကတော့ အမျိုးမျိုးတွေးပြီး စိတ်ပင်ပန်းနေရတယ်တဲ့။

ဒါကြီးက တရားလို့လား။ လုံးဝ မတရားဘူး။

အခုကစ အဲ့ကောင်စုတ်လေးအကြောင်း မတွေးတော့ဘူး။ ကိုယ့်ဟာကိုယ် 85ရဲ့ Liveကို ကြည့်တာပဲကောင်းတယ်။

ရှောင်းကျန့် ရေချိုးပြီးတာနဲ့ အိမ်ရှေ့ဆိုဖာမှာ အကျအနထိုင်လိုက်တယ်။

ဖုန်းဖွင့်ပြီး weiboထဲဝင်တော့ တိုက်ပွဲတစ်ခုကို အရင်ဆုံး တွေ့လိုက်ရတယ်။

နာမည်ကြီး ဝေဖန်ရေးအကောင့် တစ်ခုက 85ကို ကံကောင်းသွားလို့သာ ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ဆုရသွားတာဖြစ်ပြီး ဒီနေ့ပွဲမှာ မနိုင်နိုင်ဘူးလို့ အရမ်းကို သေချာတဲ့ပုံစံနဲ့ ဝေဖန်ထားတာကြောင့် ပရိသတ်တွေက မခံမရပ်နိုင်ဖြစ်နေကြတယ်။

Eighty FiveWhere stories live. Discover now