5

1.7K 326 55
                                    

Z.

ရှောင်းကျန့်အလစ်မှာ ရိပေါ်တစ်ယောက် လှမ်းထားတဲ့ အဝတ်တွေကို သွားကြည့်ကြည့်တယ်။ နေရောင်တိုက်ရိုက်ထိထားတာကြောင့် အနည်းငယ် စိုထိုင်းထိုင်းဖြစ်နေသေးတာကလွဲရင် မနည်းခြောက်ချင်နေပြီ။

ရိပော်က အင်္ကျီလက်ကို ကိုင်ကြည့်လိုက်ပြီး အလိုမကျတာကြောင့် မျက်မှောင်ကြုတ်တယ်။ သူက အဝတ်တွေကို မခြောက်စေချင်သေးဘူး။ ဒါပေမယ့် အခုခြောက်ခါနီးနေလို့ စိတ်ညစ်သွားမယ်တော့မထင်ပါနဲ့။ ခြောက်နေရင် မခြောက်တော့အောင် လုပ်လိုက်မှာပေါ့။

အနားကို မျက်လုံးကစားကြည့်တော့ နံရံကပ်စင်မှာချိတ်ထားတဲ့ ပန်းအိုးသေးသေးလေးတွေနဲ့ ရေဖျန်းတဲ့ဘူးလေးကို ​တွေ့တယ်။ ရိပေါ်မျက်လုံးတွေထဲ အရောင်တဖျတ်ဖျတ် လတ်သွားတယ်။ တအောင့်နေတော့ခြောက်ခါနီးနေတဲ့ အဝတ်တွေက တဖန်ပြန်စိုသွားတယ်။

ရိပေါ် အပြုံးကြီးကြီး ပြုံးလိုက်တယ်။ အဝတ်တွေမခြောက်ရင် နောက်တစ်ခါမှ ပြန်လာပြီးယူလို့ရတယ်။ အခုဝတ်ထားတဲ့ အဝတ်အစားတွေကိုပေးဖို့ ထပ်လာမှာနဲ့ဆို နောက်ထပ်နှစ်ကြိမ်လာလို့ရပြီ။ မဆိုးပါဘူး။

"အိုခေ ဒီလောက်ဆို လောလောဆယ်အတွက် လုံလောက်တယ်"

လေလေးတချွန်ချွန်နဲ့ ဝရံတာဘက်က ထွက်လာတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့် နှာခေါင်းရှုံ့လိုက်မိတယ်။

သူကအခုထိ မပြန်သေးဘူးလား။ ညနေစာပါ ထပ်ကျွေးရမယ်လို့တော့ မပြောနဲ့နော်။ မနက်ကတောင် မှားခေါ်လာပြီး အန်ချပစ်မိတာကို အားနာလို့ကျွေးတာ။

ငွေရောင်မျက်မှန်အဝိုင်းလေးအောက်က ယုန်မျက်သွယ်လေးတွေက သူ့ဆီစူးစမ်းသလို ကြည့်နေတော့ ရိပေါ် အဟမ်းဆိုပြီး ဟန်ကိုယ့်ရတယ်။ အခုန ပျော်ပြီး cool guy imageကို ခဏလောက်မထိန်းလိုက်မိဘူး။ နောင်ကျ သတိထားမှဖြစ်မယ်။

ဒါနဲ့ ကျန့်ကောက မျက်မှန်တပ်ရတာ သူမသိရပါလား။ အနီးမှုန်မို့လို့များလား။ ဒီမျက်ဝန်းလှလှလေးတွေကလည်း မျက်မှန်အောက်မှာတောင် ကြယ်လေးတွေလို တလက်လက်နဲ့ လှရက်နိုင်တုန်းပဲ။ သေချာကြည့်ကြည့်ရင် ကျန့်ကောရဲ့ မျက်ဝန်းတွေထဲမှာ ဂလက်စီကြီးတစ်ခုလုံး ရှိနေတာများ ​တွေ့ရမလားမသိဘူး။

Eighty FiveWhere stories live. Discover now