10

1.4K 234 6
                                    

Z.

မိနစ်အနည်းငယ်အကြာမှာ ဘဲလ်တီးသံ ရပ်သွားပြီး အပြင်ဘက်က ဝမ်ရိပေါ်က ပြန်သွားပုံပေါ်တယ်။

ရှောင်းကျန့် အတွေးတွေများပြီး ဆိုဖာပေါ်မှာ တစ်မနက်လုံး ထိုင်နေခဲ့တယ်။

ဗိုက်ဆာလို့ ဆိုဖာပေါ်က သူထလာတော့ အချိန်က ၉နာရီတောင် ထိုးတော့မယ်။

မနည်းအပြေးအလွှားနဲ့ ရေချိုးပြီး အလုပ်သွားဖို့ အိမ်ကထွက်တော့ ၉နာရီခွဲ ဖြစ်နေပြီ။

ရှောင်းကျန့် ဟာနေတဲ့ ဝမ်းကိုဖြည့်ဖို့ ဘတ်စ်ကားဂိတ်နားက ဆိုင်တစ်ခုကနေပဲ ပဲနို့နဲ့နှမ်းကပ်မုန့်တစ်ခု ဝယ်စားလိုက်တယ်။

ကုမ္ပဏီကို ရောက်တော့ မကြုံစဖူး အလုပ် နောက်ကျတဲ့ ရှောင်းကျန့်ကို ယွိပင်းနဲ့ ကောချန်က ဝိုင်းစကြတယ်။

"ပြောစမ်း ဘယ်ကောင်မလေးနဲ့ အီစီကလီရိုက်ပြီး နောက်ကျနေတာလဲ"

"ဘယ်ကောင်မလေးမှမရှိဘူး မင်းတို့မှာအသိရှိရင်သာ ငါ့ကိုလက်တို့ဖို့မမေ့နဲ့"

"ပန်းစည်းကိုလည်း အားနာပါဦး ဟိုကသိရင် စိတ်မကောင်းဖြစ်နေမယ်"

စားပွဲပေါ်က ပန်းစည်းကို မေးငေါ့ရင်း ကောချန်က ပြောလာတော့ ရှောင်းကျန့် သက်ပြင်းချမိတယ်။

ဒီပန်းစည်းပို့တဲ့ အမည်မသိလူကတစ်မျိုး၊ ဝမ်ရိပေါ်က တစ်မျိုးနဲ့ အခုတလောမှ သူအရမ်းစွံနေသလိုပဲ။

"တစ်လတောင်ကျော်နေပြီ.... အခုထိ ဘယ်သူဆိုတာကို ထုတ်မပြောသေးဘဲ သူဘာလုပ်ချင်နေတာလဲ ငါတော့စဉ်းစားမရဘူး"

"စဉ်းစားမနေနဲ့ အချိန်တန်လို့ ထွက်လာချင်ရင် သူ့ဟာသူထွက်လာလိမ့်မယ်...ချန်ကျဲ ဒါလေးတွေ ထိုးပေးပါဦး"

ရှောင်းကျန့် ပန်းစည်းထဲက ပန်းတစ်ပွင့်ပဲ ယူထားလိုက်ပြီး ပန်းစည်းကို ချန်ကျဲလက်ထဲ ထည့်ပေးလိုက်တယ်။

.
.
.

ပြိုင်ကွင်းထဲမှာ တစ်ပတ်ပြီးတစ်ပတ် ပတ်မောင်းနေတဲ့ ဝမ်ရိပေါ်က အချိန် နှစ်နာရီကျော်လာတာတောင် ရပ်မယ့်စိတ်ကူး ရှိပုံမပေါ်သေးဘူး။

Eighty FiveOpowieści tętniące życiem. Odkryj je teraz