9

1.3K 237 15
                                    

Z.

ရှောင်းကျန့် တံခါးဖွင့်လိုက်တော့ ဝမ်ရိပေါ်က ခပ်တည်တည်ပဲ အိမ်ထဲ ဝင်လာတယ်။ မသိရင် သူ့အိမ်ကျနေရောပဲ။

ရှောင်းကျန့် မကျေမနပ်နဲ့ နှာမှုတ်ပစ်လိုက်တယ်။

"ဘာကိစ္စရှိလို့လဲ "

ရှောင်းကျန့်ဆီက ဆောင့်ဆောင့်အောင့်အောင့် အသံလေး ထွက်လာတာကြောင့် ရိပေါ်က ကြိတ်ပြုံးတယ်။

"အိမ်မပြန်ရဲတော့လို့လေ...အဲ့ဒါ ဒီည ဒီမှာ အိပ်လို့ရမလားဟင်"

ဝမ်ရိပေါ်က ခွေးပေါက်ကလေးတွေလိုမျိုး မျက်နှာငယ်လေးလုပ်ကာ ပြောတော့ ရှောင်းကျန့်မှာ ဆွံ့အလို့။

ညကြီးမင်းကြီး ရောက်ချလာပြီး အိပ်ချင်တိုင်း အိပ်ရအောင် ရှောင်းကျန့်အိမ်က တည်းခိုခန်းမဟုတ် ဟိုတယ်မဟုတ်။

ဒီဝမ်ရိပေါ်က ဘာဖြစ်ချင်နေတာလဲ။

"မင်း အိပ်ချင်ရင် ဟိုတယ်သွားအိပ်ပေါ့ "

"ကျွန်တော်က ကျန့်ကောအိမ်မို့လို့ လာတာကို...ရက်ရက်စက်စက် နှင်ထုတ်မှ ဖြစ်မှာလား"

"မင်းနဲ့ငါနဲ့က ရင်းနှီးတာလည်း မဟုတ်ဘဲနဲ့...ငါ့အိမ်ကို ခဏခဏလာမနေနဲ့"

"တစ်ကုတင်တည်း အိပ်တဲ့ ဆက်ဆံရေးက ရင်းနှီးတယ်လို့ ပြောလို့မရဘူးလားဟင်"

ဟိုလိုလိုသည်လိုလို မရှင်းမရှင်းနဲ့ ပြောလာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာ နေရင်းထိုင်ရင်း ရှက်သလိုလိုတောင် ခံစားလိုက်ရတယ်။

"မင်း! မဟုတ်တာမပြောနဲ့"

"ဒါဆိုလည်း ဟုတ်တာပဲ ပြောတော့မယ် "

"ဘာလဲ"

ဝမ်ရိပေါ်က နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးရင်း ရှောင်းကျန့် အနားကို တိုးလာတယ်။ ရှောင်းကျန့်မှာ ဆုတ်ရင်းဆုတ်ရင်းနဲ့ နောက်ကျောက နံရံနဲ့ ကပ်နေပြီ။

နောက်ဆုံးမှာတော့ ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်ရဲ့ လက်မောင်းနှစ်ဖက်ကြား ချောင်ပိတ်ခံလိုက်ရတယ်။

"မင်း! "

ဝမ်ရိပေါ်ရဲ့ မျက်နှာက ရှောင်းကျန့်မျက်နှာနဲ့ ထိကပ်တော့မတတ် နီးစပ်နေတယ်။

Eighty FiveWhere stories live. Discover now