8

1.3K 228 10
                                    

Z.

ကုမ္ပဏီရှေ့ မြေကွက်လပ်မှာ ရိပေါ်က ဆိုင်ကယ်ကို ရပ်ပေးတယ်။ ရှောင်းကျန့်လည်း ဆိုင်ကယ်ပေါ်ကဆင်းကာ ခေါင်းက ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပြီး ရိပေါ်လက်ထဲ ထည့်ပေးလိုက်တယ်။

"လိုက်ပို့တာ ကျေးဇူးတင်ပါတယ်"

ရိပေါ်က ဦးထုပ်ဆောင်းထားရက်ကနေ ခေါင်းတစ်ချက်ညိတ်တယ်။ နောက်တော့ လက်ထဲက ဆိုင်ကယ်ဦးထုပ်ကို ဘက်မှန်မှာ ချိတ်လိုက်ပြီး မောင်းမထွက်သွားခင် ရှောင်းကျန့်ကို တာ့တာပြသွားသေးတယ်။

ခပ်ဝေးဝေးရောက်သွားတဲ့ ဝမ်ရိပေါ်ကို ကြည့်ရင်း ဘာရယ်မဟုတ် ရှောင်းကျန့် ပြုံးလိုက်မိတယ်။

ကုမ္ပဏီထဲဝင်ဖို့ အနောက်လှည့်လိုက်တော့ မျက်လုံးတွေ ဘလင်းဘလင်းဖြစ်နေတဲ့ ယွိပင်းနဲ့ ကောချန်ကို တွေ့လိုက်ရတယ်။

"အခုန လိုက်ပို့သွားတာ ဘယ်သူလဲ"

ပခုံးကိုဖက်လို့ စပ်စုလာတဲ့ ယွိပင်း။

"အသိညီလေးပါ "

"ဆိုင်ကယ်က ငါတို့Wက limited editionကြီးမလား...ဘောစိထင်တယ်"

"ဒါနဲ့ မနေ့ညက ဘယ်လောက်ကုန်သွားလဲ"

ကောချန်ကို ရှောင်းကျန့် မျက်စောင်းထိုးပစ်လိုက်တယ်။ မေ့ထားပါတယ်ဆိုမှ ရင်နာရအောင် အစလာဖော်နေတယ်။ ပြီးကျ သူပြန်ပေးမှာလည်း မဟုတ်ဘဲနဲ့။

"ပြန်ပေးမှာမဟုတ်ရင် လာမမေးနဲ့"

ဒီတော့မှ နှစ်ကောင်သားက ပါးစပ်တွေပိတ်သွားတယ်။

ရုံးခန်းထဲ ရောက်တော့ ထုံးစံအတိုင်း ပန်းစည်းတစ်စည်းက ရှောင်းကျန့် စားပွဲပေါ်မှာ ရောက်နေတယ်။

ဘာရည်ရွယ်ချက်နဲ့ ပို့နေလဲမသိပေမဲ့ ရှောင်းကျန့်ကတော့ ပိုက်ဆံတွေကို တကယ်နှမြောနေပြီ။ မပို့ပါနဲ့ တားရအောင်ကလည်း ဘယ်သူပို့မှန်းတောင် သိမနေဘူး။ ခက်တာပဲ။

နှင်းဆီပန်းစည်းကို မယူပြီး တစ်ချက်မွှေးလိုက်တော့ နှာခေါင်းထဲကို စူးရှတဲ့ အမွှေးနံ့က တိုးဝင်လာတယ်။

"ချန်ကျဲရေ ဒီပန်းတွေ ကူထိုးပေးပါဦး"

"ငါတို့ဌာနမှာ ကျန့်ကျန့်ကျေးဇူးနဲ့ ပန်းတွေကို ဝေနေတော့တာပဲ...တခြားဌာနက လူတွေကတောင် မေးနေကြပြီ။ ပို့တဲ့လူကိုရော သိရပြီလား"

Eighty FiveWhere stories live. Discover now