4

1.8K 327 20
                                    

Z.

Wကုမ္ပဏီရဲ့ ဒါရိုက်တာရုံးခန်းအတွင်းမှာ လူတစ်ယောက်ရှိနေတယ်။ ထိုသူထိုင်နေသော စားပွဲပေါ်မှာတော့ ဒါရိုက်တာ စုန့်ကျိရန် ဆိုတဲ့ နာမည်ရေးထိုးထားတဲ့ ဖန်တုံးကြည်ကြည်လေးက ရှေ့ဆုံးမှာ နေရာယူထားတယ်။

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ဖုန်းမြည်သံက ခပ်ကျယ်ကျယ် ထွက်ပော်လာတယ်။ စုန့်ကျိရန်က ချက်ချင်းပဲ လုပ်လက်စ ဖိုင်ကိုချထားပြီး ဖုန်းကိုင်လိုက်တယ်။

"အင်း ဟောက်ရွှမ်း ...ဘာတဲ့လဲ"

"သူကအခု နှလုံးသားရဲ့ စေညွှန်ရာအရပ်မှာ အနားယူနေတယ်တဲ့"

"အာ...အင်း မင်းလည်းနားတော့လေ "

ဖုန်းချပြီးတော့ စုန့်ကျိရန်က ခပ်ဖွဖွရယ်တယ်။ နှစ်တွေဒီလောက်ကြာမှ ပြန်လာတာတောင် ဦးလေးကိုပစ်ပြီး ဟိုကိုအရင်သွားတဲ့ ကောင်စုတ်လေး။ အကျင့်ကတော့ သူ့အမေအတိုင်းပဲ။

-------------

ရိပေါ် သူနဲ့ခပ်လှမ်းလှမ်းမှာ ဈေးတွန်းလှည်းကို တွန်းလို့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်နေတဲ့ လူသားကိုကြည့်ပြီး ပြုံးနေမိတာကို မထိန်းချုပ်နိုင်ဘူး။ တစ်ချက်တစ်ချက် သူလိုချင်တာလေးများတွေ့ရင်လည်း တစ်ယောက်တည်း ပြုံးနေတတ်သေးတယ်။

ရှောင်းကျန့်နဲ့အတူ ဒီလိုမျိုးလေး ရှိနေနိုင်ဖို့ ရိပေါ် ဘယ်လောက်တောင် မျှော်လင့်ခဲ့ရသလဲ။ တကယ့်တကယ် အတူရှိနေပြီဆိုပေမယ့် ရိပေါ်လိုချင်တာက ဒီလို သူစိမ်းသာသာ အဆင့်လောက်မျိုးပဲတော့ ဟုတ်မနေတာသေချာတယ်။

စင်အပေါ်ဆုံးထပ်မှာ ရှိနေတဲ့ တစ်ရှူးထုပ်ကို လှမ်းယူလိုက်ပေမယ့် မမှီတာမို့ ရှောင်းကျန့် စိတ်ညစ်သွားတယ်။ ရုတ်တရက် သူ့ကိုယ်က မြောက်တက်သွားပြီး တစ်ရှူးထုပ်ကို ယူလို့ရသွားတယ်။ ခေါင်းငုံ့ကြည့်လိုက်တော့ သူ့ကို ပင့်မပေးထားတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်ရတယ်။ ရှောင်းကျန့် ကြောင်အမ်းအမ်းရုပ်လေး ဖြစ်သွားတယ်။

"အာ..."

အပြာရောင်ဆံပင်တွေနဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပြုံးပြလာတယ်။

Eighty FiveWhere stories live. Discover now