14

1.1K 156 11
                                    

Z.

မနက်ခင်းမှာ ရှောင်းကျန့်က အရင်နိုးလာခဲ့တယ်။ တစ်ညလုံး ရှောင်းကျန့်ကို သူ့လက်တွေနဲ့ သိုင်းဖက်ထားခဲ့တဲ့ ကောင်လေးက အခုထိတောင် ဖက်ထားတုန်းပဲ။

ဖိမိထားတာကြောင့် ဖောင်းထွက်နေတဲ့ ရိပေါ်ရဲ့ ပါးလုံးလုံးလေးကို လက်ညိုးနဲ့ ခပ်ဖွဖွ ထိုးကြည့်လိုက်ပြီး ရှောင်းကျန့် ရိပေါ်ရဲ့ လက်တွေကြားကနေ ဖြည်းဖြည်းလေး ထွက်လိုက်တယ်။

ရေချိုးပြီးတော့ မနက်စာဝယ်ဖို့အတွက် ရှောင်းကျန့် အပြင်ကို ထွက်လာလိုက်တယ်။ လမ်းထိပ်နားမှာတင် မနက်စာအစုံရတာမို့ ဒီတိုက်ခန်းမှာနေရတာက မဆိုးဘူးလို့ပြောရမယ်။

ရိပေါ်အခန်းထဲက ထွက်လာတော့ ရှောင်းကျန့်က မနက်စာဝယ်ပြီးလို့ ပြန်တောင်ရောက်နေပြီ။

"မျက်နှာသစ်ပြီးပြီလား"

ရှောင်းကျန့်အမေးကို ရိပေါ်က ဝါးခနဲ သမ်းဝေရင်းနဲ့ အင်းဆိုပြီး ပြန်ဖြေတယ်။ သူ့ပုံစံက အိပ်ရေးမဝသေးပုံပဲ။ ဒီလောက်အိပ်ထားတာကိုတောင်လေ။

"မနက်စာက ဘာစားတတ်မှန်းမသိလို့ ငါကြိုက်တာ ဝယ်လာတာ...မကြိုက်ရင်ပြောနော် အိမ်မှာရှိတာတစ်ခုခု လုပ်ပေးမယ်"

စားပွဲပေါ်က ပဲနို့နဲ့ ပေါင်မုန့်ကို ကြည့်ပြီး ရိပေါ်က ခေါင်းခါတယ်။

"ရတယ်...ဒါပဲစားလိုက်မယ်"

နှစ်ယောက်သား တိတ်ဆိတ်စွာနဲ့ မနက်စာစားနေချိန် ရှောင်းကျန့်ရဲ့ ဖုန်းက ထမြည်လာတယ်။ ဒီလို မနက်အစောကြီးကို ဘယ်သူကများခေါ်သလဲဆိုတဲ့ အတွေးနဲ့ ရိပေါ်က နည်းနည်းလောက် သိချင်သွားမိတယ်။ ဒါပေမဲ့ သူချောင်းတော့ မကြည့်လိုက်ပါဘူး။

ရှောင်းကျန့်က ဖုန်းခေါ်ဆိုသူနေရာကို ကြည့်လိုက်တယ်။ နောက်တော့ လက်ထဲက ပဲနို့ခွက်ကိုချလို့ ဖုန်းကို အမြန်ကိုင်တယ်။ ရိပေါ်တစ်ယောက်ကတော့ ပြာယာခတ်သွားတဲ့ ရှောင်းကျန့်ကို မျက်မှောင်ကုတ်ပြီး ကြည့်နေတာပေါ့။

"ဟယ်လို မား"

"ကျန့်ကျန့် ခုတလော ဘာလို့ဖုန်းမဆက်တာလဲ...မားတို့က သားဖုန်းကို မျှော်နေတာ"

Eighty FiveМесто, где живут истории. Откройте их для себя